Part23

327 46 3
                                    

ဒီနေ့ကmonday....။ hyunseoတစ်ယောက်လဲအလုပ်ပြန်ဆင်းနေပြီမို့gaeulလဲသူလုပ်စရာရှိတာတွေလုပ်ဖို့ကြံရွယ်ပြီးတစ်ယောက်ထဲအပြင်ကိုထွက်လာခဲ့သည်။

hyunseoကိုဂရုစိုက်ပေးနေရတာနဲ့yujin
အကြောင်းလိုက်စုံစမ်းဖို့ကိုgaeulခဏလက်လျှော့ထားခဲ့ရတာလေ။

yujinအချိန်ပိုင်းလုပ်နေကျဆိုင်နားသို့gaeul
ရောက်လာခဲ့သည်။ သူမပျောက်သွားခင်ကကျိန်းသေဒီမှာရှိနေခဲ့မှာ။

ဆိုင်ကစားသောက်ဆိုင်တစ်ဆိုင်ပါပဲ...။
ကိုရီးယားစားသောက်ဆိုင်မျိုးပေါ့ yujinကကိုရီးယားအစားအသောက်တွေကိုအရမ်းကြိုက်တာမို့ဒီမှာလုပ်ရတာပျော်တယ်လို့
ခဏ ခဏgaeulကိုပြောပြတက်တာ။

"ဟူးးးး..."

သက်ပျင်းတို့ကိုgaeulဟူးကနဲချလိုက်ပြီး
ဆိုင်ထဲဝင်ဖို့စဉ်းစားတွေဝေနေချိန်။

"kim gaeul..."

ဒီအသံကြောင့်gaeulရင်ထဲထိတ်ကနဲဖြစ်သွားသည်။ အရှေ့တည့်တည့်ကိုလှမ်းကြည့်လိုက်သည့်အခါသူ့ကိုခပ်အေးအေးဖြင့်စိုက်ကြည့်နေတဲ့minjiကိုတွေ့ရသည်။

ပြီးတော့သူ့ဘေးမှာသူ့လက်မောင်းကိုတွဲထားတဲ့ကောင်မလေးတစ်ယောက်။

"မတွေ့ရတာကြာပြီပဲနော်....gaeul"

ခဏအကြာမှာminjiနှုတ်ခမ်းတွေဟာ
ဖျက်ကနဲကွေးညွှတ်သွားပြီးသူလုပ်နေကျ
ခပ်သဲ့သဲ့အပြုံးတို့ဟာမျက်နှာပေါ်တွင်ပေါ်လာခဲ့သည်။

မတွေ့ရတာကြာပြီဆိုပြီးပြောကာစကားစလာတဲ့သူ့ကိုgaeulမလှုပ်မရပ်ဖြင့်ကြည့်နေမိသည်။

အင်း.... သူ့ဘေးကကောင်မလေးကိုလဲ
တစ်လှည့်ဆီပေါ့...။

"သူကdanielleတဲ့.... ငါ့ကောင်မလေး"

minjiပြောလာတဲ့စကားကြောင့်gaeul
တကယ်အံ့ဩမိသည်။ သူတို့ပြတ်သွားတာဘယ်လောက်ကြာသေးလို့လဲ။

"ဟုတ်တွေ့ရတာဝမ်းသာပါတယ်။ ဒါနဲ့အစ်မကအစ်မminjiရဲ့သူငယ်ချင်းလားဟင်"

"အင်း..."

ဒီတစ်လုံးပဲပြောကာသူ့အရှေ့မှာပိတ်ရပ်နေတဲ့minjiကိုကျော်ကာထွက်သွားဖို့အလုပ်။

𝐑𝐞𝐯𝐞𝐧𝐠𝐞Where stories live. Discover now