"အားးး.."
မနက်ခင်းရဲ့နေရောင်စူးစူးကြီးဟာသူ့မျက်လုံးတည့်တည့်ကိုလာထိုးနေတာကြောင့် karinaတစ်ခြားတဖက်သို့လှည့်ကာ မျက်လုံးတွေကိုဖြည်းဖြည်းချင်းဆီဖွင့်ဖို့ကြိုးစားကြည့်သည်။
ဘာလို့များနေရောင်ဟာသူ့မျက်လုံးတည့်တည့်ကိုမှလာကျရတာလဲ။ သူကရောဘာလို့အဲ့လိုနေရာမှာမှအိပ်မိသွားတာလဲ
"ဟင်...ဒါကဘယ်နေရာပါလိမ့်"
မျက်လုံးတွေဖွင့်ဖွင့်လိုက်ခြင်းမှာ ပတ်ဝန်းကျင်အနေအထားကိုအကဲခတ်ကြည့်မိတော့ရောက်နေခဲ့တာဟာနေရာစိမ်း
တစ်ခုသာတစ်ခါမှလဲမမြင်ဖူးတဲ့အပြင်အဆင်တွေ
ဖြစ်နေတော့ karinaအခန်းလဲမဟုတ်သလို
အသိမိတ်ဆွေတွေရဲ့အိမ်မှာလဲဟုတ်
မနေနိုင်ပါသူဘာလို့များဒီကိုရောက်နေရတာပါလိမ့်ဆိုတဲ့အတွေးများစွာနဲ့အတူkarinaကုတင်
ပေါ်တွင် ထထိုင်လိုက်မိသည်။သူအခုမှပဲသေချာသတိထားမိသည်။
သူ့ကိုယ်ပေါ်ကအဝတ်အစားတွေဟာလဲ
ညကနဲ့မတူပဲအသစ်လဲထားတာကြီး
ဖြစ်နေသည်။karinaလဲညကအဝတ်ထလဲတာမျိုး
မလုပ်ခဲ့မိတာသေချာတော့ တစ်ယောက်ယောက်က လဲပေးသွား
တာပဲဖြစ်နိုင်တာကြောင့် စိတ်အနည်းငယ်ရှုပ်ထွေးသွားသည်။"ငါ...ငါဘာဖြစ်ခဲ့...."
သူ့စကားမဆုံးသေးခင်မှာတိုက်ဆိုင်စွာနဲ့
သူ့ခေါင်းထဲသို့ညကအဖြစ်အပျက်တွေဟာ
တန်းစီကာပြန်ဝင်ရောက်လာခဲ့သည်။အပြန်အလည်နမ်းနေကြရာကနေ
ရုတ်တရက်minjeongကိုအောက်သို့ဆွဲချကာအပေါ်ကနေအုပ်မိုးလိုက်တဲ့သူရဲ့
ပုံရိပ်တွေminjeongနှုတ်ခမ်းတွေကတစ်ဆင့် လည်တိုင်တစ်လျှောက်လုံးကိုအငမ်းမရကြမ်းတမ်းစွာနမ်းရှိုက်နေခဲ့တဲ့သူ့ပုံရိပ်နဲ့minjeongရဲ့ငြီးငြူသံများ
သူလုပ်ခဲ့မိတာတွေအပေါ် သူကိုယ်တိုင်တောင်မယုံကြည်နိုင်တော့ပါဘူး။ အခုkarinaကminjeongကို...
"မဖြစ်နိုင်တာပဲ!! ငါကဘာလို့..."
မျက်နှာကြီးတစ်ခုလုံးနီရဲသွားကာ karinaသူ့
မျက်နှာသူလက်နဲ့အုပ်ကာလိုက်မိသည်။
သွားပါပြီသူတော့ရန်သူနဲ့မှအဆင့်တွေ
ကျော်ပြီး လွန်လွန်ကျူးကျူးတွေဖြစ်ကုန်မိသည်။
YOU ARE READING
𝐑𝐞𝐯𝐞𝐧𝐠𝐞
Fanfiction"ကိုယ့်နေရာကိုယ်မသိတဲ့လူတွေကိုအပြစ်ပေးဖို့အတွက်ကခက်ခဲမယ်လို့များထင်နေလား" jiminjeong/eulseo/daerin