"minjeong...ဘယ်သွားမလို့လဲ"
Company၏ကားပါကင်ဆီသွားရာလမ်းတွင်တိုက်ဆိုင်စွာဖြင့်karinaကိုတွေ့လိုက်ရတော့minjeongအံ့ဩသွားမိသည်။
"karinaဘယ်လိုလုပ်ဒီရောက်နေတာလဲ"
minjeongကမေးလိုက်တော့karinaကဘာမှမပြောပဲminjeongအနားကိုဖြည်းဖြည်းချင်းပို၍တိုးကပ်လာတာကြောင့်minjeong
ခြေလှမ်းတွေတောင်အနောက်ကိုနည်းနည်းဆုတ်လိုက်မိသည်။"ဒီကိုဒီအချိန်ကြီးရောက်လာပါတယ်ဆိုမှ
ဘာလို့လဲမတွေးတက်ဘူးလား""ရှင်... ဘာကိုလဲ"
"ကျွန်မကminjeongကိုတွေ့ချင်လို့အပြင်
ဘာရှိနိုင်သေးလို့လဲလို့"ဒီစကားကိုပြောချိန်သူ့မျက်နှာမှာဆွဲဆောင်မှုရှိတဲ့အပြုံးတစ်ခုကအလိုလိုနေရင်းရောက်လာခဲ့သည်။
minjeongမျက်လုံးတည့်တည့်ကိုစိုက်ကြည့်ပြီးမှဒါကိုပြောလိုက်တော့minjeongကရှက်သလိုလိုနေရခက်သလိုလိုပုံစံနဲ့လည်းပင်းကိုပွတ်သပ်၍ရယ်မောလာခဲ့သည်။
"တကယ်လား... ကျွန်မကိုလွမ်းလို့လား"
တကယ်တော့minjeongဟာစနောက်ပြီးပဲ
ပြောလိုက်ပေမယ့်karinaကတော့အတည်ပေါက်ပဲပြန်ဖြေသည်။"ဒါပေါ့minjeongကိုလွမ်းနေတာ..."
minjeongမတွေးတက်တော့ဘူးသူဘာဖြစ်ချင်နေတာလဲ...။ စတွေ့ထဲကလူကိုတစ်မျိုးပြီးတစ်မျိုးပြောနေတာ.... ဒါမှမဟုတ်သူလဲminjeongလိုခံစားချက်မျိုးရှိနေလို့ပဲလား။
ဒီလိုတွေလာပြောနေတာkarinaမို့သာ
minjeongကကျေနပ်ပြီးလက်ခံနေပေမယ့်တစ်ခြားသူသာဆိုရင်တော့တကယ်အမြင်ကတ်မိမှာပဲ။"minjeongကအခုဘယ်သွားမှာလဲ... ကျွန်မလိုက်ပို့ပေးမယ်လေနော်"
"အာ... တော်ပါပြီ မလိုပါဘူးတကူးတကကြီးဆိုအားနာလို့ပါ"
"ဟော...ဒုက္ခပဲ...။ ဒီကိုတောင်တကူးတကလာပြီးမှတော့ဒါကတကူးတကဖြစ်စရာလား.... စဉ်းစားကြည့်လေကွာ"
သူပြောတာလဲဟုတ်သလိုပါပဲ...ဒါပေမယ့်ဘယ်လိုဖြစ်ဖြစ်အားနာစရာကောင်းတာပဲမလား။ဒါပေမယ့်လဲငြင်းလိုက်ရင်ပြန်လဲအားနာစရာကထပ်ကောင်းပြန်ရော...။
ဘယ်ဘက်ကကြည့်ကြည့်ဒီဘူတာပဲဆိုက်
နေပါလား။
YOU ARE READING
𝐑𝐞𝐯𝐞𝐧𝐠𝐞
Fanfiction"ကိုယ့်နေရာကိုယ်မသိတဲ့လူတွေကိုအပြစ်ပေးဖို့အတွက်ကခက်ခဲမယ်လို့များထင်နေလား" jiminjeong/eulseo/daerin