Part10

370 41 3
                                    

နောက်တစ်နေ့တွင်....

ဒုန်း!

"ဘာ!!..။ အဲ့ကောင်မလေးကလွတ်သွားတယ်
ဟုတ်လား!"

စားပွဲခုံကိုလက်သီးတို့ဖြင့်ထုချလိုက်၍
kim jeonheeဟာဒေါသတကြီးအသံဖြင့်
ပြောလာခဲ့သည်။

"တောင်းပန်ပါတယ်boss...။ ကျွန်တော်
သေချာစောင့်ကြည့်ခဲ့ပေမယ့် လွတ်..လွတ်
သွားတယ်"

"အဲ့လိုဖြစ်လို့ရမလား!!။ မင်းတို့အစထဲက
သတိထားရမှာလေ!"

"တောင်း...တောင်းပန်ပါတယ်boss"

"ဟာကွာ...တောက်!!"

မကျေမချမ်းတောက်ခေါက်သံကြီးဟာ
အခန်းထဲတွင်ပဲ့တင်ထပ်သွားခဲ့သည်။

kim jeonheeမျက်နှာမှာလဲ ဒေါသနဲ့စိုးရွံ့မှုတွေဟာအထင်းသား

"ဒါ...ဒါနဲ့ အဲ့ကောင်မလေးရှေ့မှာ ငါ့...ငါ့နာမည်ကိုမင်းတို့ယောင်လို့တောင်မထွက်မိခဲ့ဘူးမလား"

"ဟုတ်ကဲ့boss တစ်ခွန်းတောင်မထွက်ခဲ့
ပါဘူး"

"အေး ကောင်းတယ် သူတို့ငါ့လုပ်ရက်
တွေကိုနည်းနည်းလေးတောင်ရိပ်မိလို့
မဖြစ်ဘူး။ မင်းတို့လဲတစ်နေရာရာမှာ
ခဏသွားရှောင်လိုက်ကွာ မင်းတို့ကို
ရဲတွေသာမိသွားရင် ငါပါပြဿနာတက်
လိမ့်မယ်"

"ကောင်းပါပြီboss...ကျွန်တော်နားလည်
ပါပြီ"

"အေး ဒါဆိုဒါပဲ!"

တီ!

ဖုန်းချပြီးတာနဲ့kim jeonheeဟာ
သက်ပျင်းအရှည်ကြီးချလိုက်၍
ဆိုဖာနောက်ကျောကိုမှီချလိုက်သည်။

"တောက်! ဘယ်လိုများသူတို့သိသွားရ
တာလဲ။ မဖြစ်နိုင်တာ အဲ့ဂိုဒေါင်ကိုဘယ်သူမှ
မခန့်မှန်းနိုင်လောက်မဲ့နေရာမှာဆောက်ထားတာကို"

သူတစ်ယောက်ထဲအတွေးပေါင်းသောင်းခြောက်ထောင်နဲ့ခေါင်းတွေ
ခြောက်ကုန်ရသည်။

ပိရိမယ်လို့ထင်ထားတဲ့အရာဟာ
ဘူးပေါ်သလိုပေါ်ခါနီးဆဲဆဲဖြစ်သွားခဲ့တာကို

တဖက်တွင်လဲ...

"မဆိုးဘူးပဲ...လိမ်ပြောတဲ့နေရာမှာ
ဆရာကြီးပါလား"

ဗိုက်နားမှာထောက်ထားတဲ့သေနတ်ကို
ဖယ်လိုက်ရင်း minjeongဟာခနဲ့ပြုံးပြုံးပြ၍
တဖက်လူကိုပြောတော့ သူဟာမျက်မှောင်ကျုံ့သည်

𝐑𝐞𝐯𝐞𝐧𝐠𝐞Where stories live. Discover now