Part18

392 43 2
                                    

မကြာမှီလေယာဉ်ဆင်းသက်တော့မှာ
ဖြစ်တာကြောင့် ခရီးသည်များအားလုံး
အဆင်သင့်ပြင်ဆင်ထားပေးကြပါရန်
မေတ္တာရပ်ခံအပ်ပါသည်။

အသံလွှင့်စက်ကနေကြားလိုက်ရတဲ့ လေယာဉ်မှူး၏အသံကြောင့်minjeong
မျက်လုံးတွေဆတ်ကနဲပွင့်လာခဲ့သည်။

အိပ်ရေးမဝတာကြောင့် စိတ်မကြည်တကြည်နဲ့ဖုန်းကိုထုတ်ကာ နာရီကိုကြည့်လိုက်တော့
ည၁၂နာရီခွဲ...။ အပြင်ကိုတစ်ချက်ကြည့်လိုက်တော့အခုမှနေဝင်ခါစ

ဆိုးလ်နဲ့လန်ဒန်ကအချိန်၈နာရီကွာဟတော့
အခုဆိုလန်ဒန်မှာညနေ၄နာရီ...၄နာရီခွဲလောက်ပဲရှိဦးမှာပေါ့လေ

"fuck... သေလိုက်ပါတော့"

အခုမှရုတ်တရက်သတိထရလာတဲ့အရာကြောင့်minjeongပါးစပ်ကနေအလိုလိုဆဲဆိုတဲ့စကားဟာထွက်သွားမိသည်။

"ငါဟိုတယ် ဘိုကင်ကြိုမတင်ထားမိဘူးပဲ"

minjeongစိတ်ဓာတ်ကျရုံမက သေချင်စိတ်ပါပေါက်သွားသည်။ ကမ္ဘာလှည့်ခရီးသွားတွေဒီလောက်အလာများတဲ့မြို့ကိုလာပြီးဟိုတယ်ဘိုကင်ကြိုမတင်ထားမိတော့ သေပြီပေါ့

အမြဲလိုလို သတိပေးတက်တဲ့အတွင်းရေးမှူးchoiကလဲ
အခုအချိန်သူပါစိတ်တွေရှုပ်ပြီးမေ့သွားသည်
ထင်ပါရဲ့... တစ်ခွန်းတောင်ဟမလာဘူးလေ။

ပုံမှန်ဆိုminjeongလဲသေချာသတိထား
တက်ပါတယ်။ အခုကျမှနည်းနည်း
လိုသွားတာ

"အခုချိန်မှတော့ဘာမှလုပ်လို့
မရတော့ဘူး ဟူးးး..."

သူစီးလာတဲ့လေယာဉ်လေးတဖြည်းဖြည်း
အောက်ကိုနိမ့်ကျလာတာကိုကြည့်နေရင်း
လမ်းဘေးမှာတော့မအိပ်ရပါစေနဲ့လို့သာ
minjeongဆုတောင်းနေမိသည်။

##########

"ဟင်းးးး.."

gaeulတစ်ယောက်အိပ်နေရင်း ရုတ်တရက်
အသက်ရှုတွေမြန်လာခဲ့သည်။ ကြည့်ရတာ
အိပ်မက်ဆိုး မဟုတ်ရင် ဆိုးရွားတဲ့အရာ
တစ်ခုခုကအတွေးထဲပြန်ဝင်ရောက်လာပုံ...

"ဖေဖေ!..ဖေဖေ!.."

သူ့အိမ်မက်ထဲတွင် ချောက်နက်ကြီးတစ်ခုနားမှာမီးလောင်နေတဲ့ကားတစ်စီးကိုတွေ့နေရသည်။ပြီးတော့ အဲ့ကားပေါ်မှာသူ့အဖေ
ဖြစ်သူ...

𝐑𝐞𝐯𝐞𝐧𝐠𝐞Where stories live. Discover now