နောက်တစ်နေ့မနက်တွင်...။
"နင်ငါ့ကိုခေါ်လိုက်တာဘာအရေးကြီးကိစ္စရှိလို့လဲ"
ဖုန်းကိုအာရုံတစိုက်နဲ့ကြည့်နေတဲ့reiဟာဒီအသံကြောင့်အပေါ်သို့မော့ကြည့်လာခဲ့သည်။
လက်ကိုင်အိတ်ကိုစားပွဲပေါ်ပစ်တင်ကာထိုင်ခုံတွင်ထိုင်ချလာတဲ့wonyoungကတော့မျက်နှာထားတင်းတင်းပါပဲ။
"ငါလဲနင့်ကိုမခေါ်ချင်ပါဘူး ဒါပေမယ့်...."
"အပိုတွေရှည်ရှည်ဝေးဝေးပြောမနေပဲငါ့ကိုလိုရင်းသာပြောစမ်းပါ"
အံကိုကြိတ်ရင်းမကျေမချမ်းအကြည့်တွေနဲ့သူ့ကိုကြည့်ကာပြောနေတဲ့wonyoung
ကြောင့်reiပြုံးမိသည်။"ငါ့ကိုနင်မုန်းလို့လား... ဒါမှမဟုတ်အမြင်
မကြည်တာလား""တော်စမ်းပါkim reiရယ်.... ငါ့ကိုဘာတွေ
အာရုံစားဦးမလို့လဲ။ ထပ်မတွေ့ကြဖို့ပြောခဲ့တယ်မလား""ငါအခုဆုံဖို့ချိန်းလိုက်တာကနင့်ကိုအရမ်းတွေ့ချင်လွန်းလို့များထင်နေလား"
ဒီစကားကိုကြားတော့wonyoungဟာအနည်းငယ်တွေဝေသွားဟန်ရှိသည်။
"ဘာလဲ... ငါ့ကိုတွေ့ချင်လို့မဟုတ်ဘူးလား"
"အိုက်ဂူးရားးး... jang wonyoungတို့ကတော့ထင်ချင်ရာတွေထင်နေတော့တာပဲ"
reiရဲ့ခနဲ့သဲ့သဲ့စကားကြောင့်wonyoungဟာ
မကျေမနပ်ဖြင့်...."ငါ့ကိုလာမလှောင်နဲ့...။ ဘယ်သူကဘယ်သူ့ကိုဖုန်းအရင်စဆက်လဲဆိုတာလဲမေ့မနေနဲ့"
ဒါကိုကြားမှပြုံးစိစိဖြစ်နေတဲ့reiဟာမျက်နှာပိုးသတ်သွားသည်။
"ဒါဆိုနင်ပြော.... ဘာလို့ငါ့ကိုတွေ့ဖို့ချိန်းတာလဲ"
"တကယ်တော့ငါ....."
reiဟာတွန့်ဆုတ်နေပုံဖြင့်wonyoungကိုသေချာစိုက်ကြည့်လာတော့wonyoungလဲပဲလက်ပိုက်ကာခုံနောက်ကျောမှီထိုင်လိုက်ရင်း
"ဘာလဲ..."
##########
လေဆိပ်တွင်....။
"အနည်းဆုံးတော့ဒီမှာကြာဦးမှာပေါ့....
ဘယ်လောက်ကြာမလဲတော့ငါလဲမသိဘူး"
YOU ARE READING
𝐑𝐞𝐯𝐞𝐧𝐠𝐞
Fanfiction"ကိုယ့်နေရာကိုယ်မသိတဲ့လူတွေကိုအပြစ်ပေးဖို့အတွက်ကခက်ခဲမယ်လို့များထင်နေလား" jiminjeong/eulseo/daerin