နောက်တစ်နေ့မနက်ခင်း၌
သက်တောင့်သက်သာမဖြစ်တဲ့ကျောပြင်ကခံစားမှုကြောင့်minjeongနိုးနိုးလာခြင်းမှာ
ထထိုင်လိုက်မိ၏။အနည်းငယ်နောက်ကြည့်နေသောခေါင်းကြောင့်နားထင်တို့ကိုဖိနှိပ်လိုက်မိရင်းပတ်ဝန်းကျင်အနေအထားအားစူးစမ်းကြည့်နေခဲ့သည်။ သေချာတာကတော့ဒါဟာသူ့အခန်းမဖြစ်နိုင်ပေ...။
"သေစမ်း!..ငါဟိုလူ့အိမ်ရောက်လာတာလား!!"
minjeongတစ်ကိုယ်လုံးထူပူသွားပြီးလက်တွေဟာတော့အေးစက်လာသည်။ သူနောက်ဆုံးအနေနဲ့မှတ်မိတာဆိုလို့သူ့ဘေး၌လာထိုင်ပြီးစကားတွေပြောနေခဲ့တဲ့
ထိုလူ၏ပုံရိပ်တွေသာ...။နောက်တော့ဘာတွေဆက်ဖြစ်သွားလဲမသိတော့ချေ...။ သိလဲမသိချင်တော့ပါဘူးမျက်နှာပူစရာအကြောင်းအရာတွေရှိခဲ့နိုင်
တာမို့။ဒေါက်! ဒေါက်!
ရုတ်တရက်လေထုထဲပြန့်လွင့်လာသောတံခါးခေါက်သံကြောင့်minjeongလန့်သွားပြီးစောင်ကိုဆွဲယူကာမျက်နှာနားထိဆွဲခြုံလိုက်သည်။ ပြီးသည့်နောက်စောင်ကိုမလွှတ်ထွက်သွားအောင်ခပ်တင်းတင်းဆုပ်ကိုင်ထားပြီးအနောက်ကိုတရွေ့ရွေ့ဆုတ်သွားသည်။
ဒီအိမ်ထဲမှာသူနဲ့ကိုယ်နှစ်ယောက်ထဲဆိုတဲ့အသိကြီးဟာကြက်သီးထဖွယ်ကောင်းသည်။ အထူးသဖြင့်minjeongသည်အဲ့လူနဲ့ညကမှဆုံခဲ့တာဖြစ်သည်။ ဒါကိုသူ့အိမ်ရောက်လာခဲ့ရတာပါလားဆိုသောအတွေးကြီးဟာ
တော်တော်ပင်မျက်နှာပူစရာကောင်းနေ၏။ကျွီ...
တံခါးဖွင့်၍အခန်းထဲထိဝင်လာပုံရတာကြောင့်minjeongဘာလုပ်ရမလဲမတွေး
တက်တော့ပေ...။ ထထွက်ပြေးလိုက်ရင်ကောင်းမလား။မဖြစ်ပါဘူး...တော်တော်ရုပ်ပေါက်သွားမှာပေါ့။ သူကလဲကိုယ့်ကိုဘာမှလုပ်ထားတာမဟုတ်...။
"အဲ့ဒါဘာလုပ်နေတာလဲဟင်..."
"ဟမ်?.."
သူထင်ထားသလိုမဟုတ်ပဲရင်းနှီးနေသောမိန်းမအသံမျိုးကိုကြားလိုက်ရတာကြောင့်
minjeongစောင်ကိုချက်ချင်းဆွဲဖယ်လိုက်ရင်းအံ့ဩတကြီးနဲ့မယုံကြည်နိုင်ပဲအသံလာရာကိုကြည့်လိုက်မိသည်။
YOU ARE READING
𝐑𝐞𝐯𝐞𝐧𝐠𝐞
Fanfiction"ကိုယ့်နေရာကိုယ်မသိတဲ့လူတွေကိုအပြစ်ပေးဖို့အတွက်ကခက်ခဲမယ်လို့များထင်နေလား" jiminjeong/eulseo/daerin