Part16

318 49 1
                                    

Flash back.....

ငါတို့ကစတွေ့တွေ့ချင်းထဲကချစ်ခဲ့မိတာမျိုး
တော့မဟုတ်ခဲ့ဘူးမလား....။

အဲ့အချိန်တုန်းကနင်ကတစ်ခြားကျောင်းက
ပြောင်းလာတဲ့ကျောင်းသားအသစ်...
ငါကတော့အတန်းခေါင်းဆောင်...

တစ်ယောက်စိတ်တစ်ယောက်သိကြတဲ့
ငါတို့နှစ်ယောက်ကအချိန်တိုလေးအတွင်း
မှာပဲရင်းနှီးသွားကြတာကို

"park wonbinပါ...ရှေ့လျှောက်ကူညီပေး
ပါဦး"

"ဝေါင်းးး ချောလိုက်တာ"

"အရမ်းချောတာပဲ"

"သူနဲ့ရင်းနှီးချင်လိုက်တာ"

ချောမောလွန်းလှတဲ့သူ့ရုပ်ရည်ကြောင့် အတန်းထဲကမိန်းကလေးများဟာ သူ့ကိုစိတ်ဝင်စားသွားကြသော်လဲ minjeongကတော့သူ့ကိုကြည့်နေရုံသာ
ကြည့်နေမိသည်...။

ဟင့်အင်း...သူကမချောပါဘူး သူ့ကိုချောတယ်လို့ minjeongမထင်မိဘူး...။ သူက
လှတာ‌ယောင်္ကျားတစ်ယောက်ကိုလှတယ်လို့ သုံးနှုန်းတာ တစ်မျိုးဖြစ်နေပေမယ့်
သူကတော့တကယ်လှသည်။

"သား...လွတ်နေတဲ့နေရာမှာဝင်ထိုင်
လိုက်နော်"

ဆရာ့၏စကားကိုသူကခေါင်းညိတ်ရုံဖြင့် ညိတ်ပြပြီးနောက် ‌ထိုင်ခုံလွတ်တစ်ခုကိုရှာ
နေပုံရသည်။

တိုက်ဆိုင်စွာနဲ့အဲ့နေ့ကminjeongဘေးက
တစ်ခုံကသာလွတ်သည်။ လူတွေနဲ့ရောထွေး
နေထိုင်ရတာမကြိုက်တဲ့minjeongက
ပြတင်းပေါက်နဲ့နီးရာစားပွဲတစ်ခုံကိုအပိုင်ယူထားတယ်လေ။

minjeongကိုစိုက်ကြည့်ပြီးဖြည်းဖြည်းချင်း
လျှောက်လာတဲ့သူ့ကိုမြင်လိုက်ရထဲက
စိတ်ထဲတစ်မျိုးခံစားနေခဲ့ရတာ...။
မြင်မြင်ချင်းအချစ်မဟုတ်ခဲ့ဘူးလို့ ငါ့စိတ်က
ငြင်းနေပေမယ့် နင်ကငါ့စိတ်ထဲအဲ့အချိန်ထဲကဝင်ရောက်လာခဲ့တာထင်ပါရဲ့

"ထိုင်လို့ရမလား..."

ခွင့်တောင်းတဲ့သဘောနဲ့မေးလာပုံရသည်။
minjeongကတော့စကားဖြင့်ပြန်မဖြေပဲ
ထိုင်ဖို့သာမျက်စပစ်ပြလိုက်တော့ သူက
ခပ်သဲ့သဲ့ပြုံးရင်းminjeongဘေးတွင်
ဝင်ထိုင်သည်။

𝐑𝐞𝐯𝐞𝐧𝐠𝐞Where stories live. Discover now