မန်နေဂျင်း..သူရောက်လာတော့မယ်လို့
ပြောပါတယ်"ရုံးခန်းထဲမှာလက်မှတ်ထိုးစရာရှိတာတွေ
ထိုးပေးနေတဲ့minjeongဟာ ဒီစကားကို
ကြားတော့ ချက်ချင်းအရှေ့ကိုအကြည့်
ရောက်လာသည်။"လာပြီပေါ့ နောက်ဆုံးတော့.."
နှုတ်ခမ်းတဖက်ကိုတွန့်ကွေးစွာ minjeong
ပြုံးမိသည်။ သူနောက်ဆုံးတော့ အဆိပ်ပြင်းတဲ့ karina yuနဲ့တွေ့ရတော့မယ်ပေါ့သူကတော့ ပုံမှန်အတိုင်းပဲမို့minjeongကို
အရင်ကအတိုင်းတစ်ထပ်ထဲသာ ဆက်ဆံ
မယ်ဆိုပေမယ့် minjeongကတော့
တစ်ထပ်ထဲကြီးလုပ်ရမှာပျင်းတော့
သူ့ကိုအပြောင်းအလဲလေးဖြစ်အောင်
လုပ်ပေးရမည်##########
အရင်အတိတ်အချိန်တုန်းက....
minjeongတစ်ယောက်သူ့အရှေ့မှာ
ခြေချိတ်ကာထိုင်၍ သူ့ကိုစိုက်ကြည့်နေတဲ့
karinaကိုပြန်ငေးကြည့်နေမိသည်။ဒါဆိုလူတွေပြောကြတဲ့karina yuဆိုတာ
ဒီလိုပုံစံမျိုးပေါ့...။ ဆံပင်ရွှေအိုရောင်နဲ့
သိပ်ကြည့်ကောင်းတဲ့အမျိုးသမီး...တကယ်လဲသူတို့ပြောကြသလို သိပ်ကို
ကြည့်ကောင်းတာမို့ minjeongအကြာကြီး
ကြည့်နေမိသည်"ပြောစမ်းပါဦး"
"ရှင်.."
ရုတ်တရက်ခါးကိုပြန်မတ်ကာ ထပြောလာတဲ့
သူ့စကားကြောင့်minjeongကြောင်သွားသည်။"ကျွန်မမျက်နှာမှာဘာရှိလို့လဲ"
ခပ်ကျဲကျဲပြုံး၍ သူကဒီလိုပြောလာတော့
minjeongမျက်နှာလွှဲလိုက်မိသည်။
သူ့ကိုတကယ် အဲ့လောက်ပေါ်တင်ကြီး
ကြည့်မိသွားတာလား"ကျွန်မminjeongဆီလာတာ ဘာကြောင့်လို့
ထင်လဲ""ရှင်...ကျွန်မကိုအခုပြန်မေးနေတာလား"
"အင်း ခန့်မှန်းကြည့်လေ"
အများနဲ့မတူပဲကွဲထွက်နေတဲ့သူ့ပုံစံကြောင့်
minjeongမျက်ခုံးပင့်မိသည်...။
တော်တော်ထူးဆန်းတဲ့လူပဲ"မပြောတက်ဘူး... တစ်ခုခုအတွက်လား"
"ဟဟ..အဲ့ဒါကminjeongပြောမှလား တစ်ခုခုအတွက်လာတာ ကလေးသွားမေးရင်တောင်သိတယ်"
YOU ARE READING
𝐑𝐞𝐯𝐞𝐧𝐠𝐞
Fanfiction"ကိုယ့်နေရာကိုယ်မသိတဲ့လူတွေကိုအပြစ်ပေးဖို့အတွက်ကခက်ခဲမယ်လို့များထင်နေလား" jiminjeong/eulseo/daerin