Flash back...
ဘုန်း! ဘုန်း! ဘုန်း!
ကျောင်းဆေးပေးခန်းဆီသို့minjeongအမြန်
ပြေးသွားနေမိသည်။ အလွန်ဒေါသဖြစ်နေသည့်မျက်နှာကိုအနည်းငယ်ထိန်းရင်းပေါ့"park wonbin!.."
အော်သံမကျတကျminjeongအသံဟာ
ဆေးပေးခန်းထဲတွင်ပျံ့လွင့်သွားသည်။ဆရာဝန်ရဲ့ဆေးထည့်ပေးခြင်းကိုခံနေရတဲ့
wonbinဟာလဲသူ့ကိုအလန့်တကြားလှည့်ကြည့်လာသည်။"minjeong..."
"ဆရာဖယ်ပါ... သမီးပဲဆက်လုပ်ပေး
လိုက်မယ်""ဪ.. အေးပါ အေးပါကွယ်"
ဆေးပေးခန်းကဆရာဝန်ရဲ့လက်ထဲကဆေးဘူးကိုဆွဲယူလိုက်ကာminjeongကုတင်ဘေးနားကထိုင်ခုံတွင်ထိုင်ချလိုက်သည်။
"ဘယ်ကောင်နဲ့လဲ"
"ဘာရယ်..."
"ဘယ်ကောင်နဲ့နင်ထိုးကြိတ်လာလို့ မျက်နှာကအဲ့လောက်ရစရာမရှိတော့ရတာလဲ"
minjeongစိတ်တိုနေတာသိသာသည်..
ဒါကြောင့်wonbinငြိမ်ကုတ်နေမိသည်။"ဖြေလေ!.."
"ဒုတိယနှစ်ကကောင်တွေနဲ့ဖြစ်တာ"
"ဘာ.. စီနီယာတွေနဲ့နင်က.."
"ဟုတ်တယ်!..။ သူတို့ကနင့်ကိုpick meလို့
ခေါ်ကြတယ်... ပြီးတော့ပိုက်ဆံရှိလို့
ဇောက်ကြွားနေတာတဲ့"wonbinစကားတွေကြောင့် စိတ်ထဲတော့
နှောက်သွားပေမယ့် ဂရုမစိုက်သလိုမျက်နှာဘေးနဲ့minjeong, wonbinကိုကြည့်လိုက်ကာ"အဲ့ဒါလေးအတွက်နဲ့နင်ကရန်ဖြစ်တယ်ပေါ့...။ဘာလဲ...နင်ကဇိုးလုပ်တော့မလို့လား"
"ငါကနင့်ကိုကာကွယ်ပေးချင်တာလေ..
နင်ဒါလေးတောင်နားမလည်... အားး!"ဘာမပြော ညာမပြောနဲ့wonbinမျက်နှာပေါ်ကဒဏ်ရာကိုဂွမ်းစနဲ့အတင်းဖိချလိုက်တဲ့
minjeongကြောင့်wonbinနာလို့အသံထွက်ပြီးတောင်အော်မိသည်။"ရားးး..နာလိုက်တာ။ နင်အသိတော့ပေးလေ"
"ဟိုလူတွေနင့်ကိုထိုးတုန်းကရော
ထိုးမယ်နော်ညီလေး ထိုးမယ်နော်...ဆိုပြီး
ပါးစပ်ကပြောပြီးထိုးလို့လား"
YOU ARE READING
𝐑𝐞𝐯𝐞𝐧𝐠𝐞
Fanfiction"ကိုယ့်နေရာကိုယ်မသိတဲ့လူတွေကိုအပြစ်ပေးဖို့အတွက်ကခက်ခဲမယ်လို့များထင်နေလား" jiminjeong/eulseo/daerin