တီ...တီ...တီ...
နှိုးစက်ကမြည်လာတဲ့အသံကြောင့်
minjeongမျက်လုံးတွေဆက်ကနဲပွင့်လာခဲ့သည်။အရမ်းလန့်နေတဲ့ခံစားချက်ကြောင့်
အသက်ရှုတွေဟာလဲမြန်နေခဲ့ပြီး ချွေးစေးတွေပါပြန်နေသည်"ဟင်...ဒါ-ဒါက"
ဘေးပတ်လည်ကိုဝေ့ဝဲကြည့်မိတော့
သူရောက်နေတဲ့နေရာဟာ ကားထဲမှာ
မဟုတ်ပဲ အခန်းတစ်ခန်းထဲမှာဖြစ်နေခဲ့သည်...ပြီးတော့ ဒီအခန်းဟာသူ့အရင်အိမ်က သူ့အခန်းဖြစ်နေခဲ့သည်"ငါဘယ်လိုလုပ် ဒီကိုရောက်နေရတာလဲ!"
စိတ်ရှုပ်ထွေးစွာရေရွတ်ရင်း အိပ်ယာပေါ်
ကနေ minjeongထလာသည်။ ခြေထောက်တွေဟာ အိမ်ရဲ့ကြမ်းပြင်ကိုထိလိုက်တာနဲ့ထူးဆန်းတဲ့ခံစားချက်တစ်ချို့ဟာစိတ်ထဲဝင်ရောက်လာသည်အခန်းထဲမှာမှန်တင်ခုံတစ်ခုံရှိနေသည်...။
ထပ်ပြီးပြောရရင် ဒီမှန်တင်ခုံကလဲ
အရင်အိမ်ကမှန်တင်ခုံကြီး"ဟင်...ငါ့-ငါ့ဆံပင်တွေကဘယ်လိုလုပ်...."
သူစိတ်ရှုပ်လို့ညှပ်ပစ်ထားတဲ့ဆံပင်တွေ
ဟာလဲ ပြန်ရှည်နေသည်...။ ပြီးနောက် မှန်ထဲက သူ့ပုံစံဟာလဲ ဖရိုဖရဲပုံစံမဟုတ်ပဲ အရင်လို
သားနားနေခဲ့သည်"ဒါကဘယ်လိုမှပုံမှန်မဟုတ်တော့ဘူး
တစ်ခုခုတော့ထူးဆန်းတယ်"minjeongစိတ်တွေအရမ်းရှုပ်လာသည်။
သူစောနကထိကားထဲမှာပါပဲ...။တွေးရင်း...တွေးရင်း minjeongရဲ့မျက်လုံးတွေဟာ မှန်တင်ခုံပေါ်ကတစ်စုံတစ်ခုဆီရောက်လို့သွားသည်။ အဲ့အရာဟာ
"calendarပါလား"
calendarကိုမြင်တော့ minjeongခေါင်းထဲ
အတွေးတစ်ခုပေါက်သွားသည်...။
ခပ်မြန်မြန်ပဲ မှန်တင်ခုံနားသွားကာ
အဲ့ပေါ်တွင်တင်ထားတဲ့calendarပေါ်က
dateကိုကြည့်လိုက်တော့ဘုတ်!!
"ဟာ..."
မယုံကြည်နိုင်စရာကောင်းတဲ့အရာတစ်ခုကြောင့် minjeongအရမ်းလန့်သွားသည်။
ဘာလို့ဆို သူcalendarပေါ်မှာမြင်လိုက်ရတဲ့dateက2019 စက်တင်ဘာ16ရက်နေ့ Monday
##########
ဒုန်းး! ဒုန်းး! ဒုန်းး!
YOU ARE READING
𝐑𝐞𝐯𝐞𝐧𝐠𝐞
Fanfiction"ကိုယ့်နေရာကိုယ်မသိတဲ့လူတွေကိုအပြစ်ပေးဖို့အတွက်ကခက်ခဲမယ်လို့များထင်နေလား" jiminjeong/eulseo/daerin