Part14

340 50 0
                                    

"happy birthday!!"

ဖိတ်ထားတဲ့လူတွေအကုန်စုံတာနဲ့birthday girlလေး အတွက်အားလုံးဟာဂုဏ်ပြုပေး
ကြသည်။

happy birthday songကိုသီဆိုပြီးနောက်
သုံးထပ်cakeပေါ်တွင်ထွန်းထားသည့်
ဖရောင်းတိုင်မီးတွေကိုမှုတ်ဖို့အတွက်gaeul
ပြင်လိုက်သည်။

"ဆုတောင်းလိုက်ဦးလေ ညီမလေး"

ဘာမှဆုမတောင်းပဲတန်းပြီးမီးမှုတ်ဖို့လုပ်
နေတဲ့ gaeulကိုဖုန်းနဲ့videoမှတ်တမ်းတင်
နေတဲ့ minjeongဟာပြုံးပြရင်းပြောလိုက်သည်။

minjeongအပြုံးတွေဟာဒီလိုအချိန်ကျတော့
အရမ်းကိုပဲအသက်ဝင်နေခဲ့သည်။ ဘေးမှာအတူရှိနေတဲ့ဘယ်သူမဆိုminjeong
ဒီလောက် ပြုံးပျော်နေတာကိုတစ်ခါမှမတွေ့
ဖူးချေ

"ဆုတောင်းရမှာလား..."

gaeulသေချာစဉ်းစားနေခဲ့သည်။ သူအလိုချင်ဆုံးနဲ့အဖြစ်ချင်ဆုံးကဘာများပါလိမ့်ပေါ့

စဉ်းစားရင်း စဉ်းစားရင်းနောက်မှာတော့
gaeulသေချာဆုံးဖြတ်နိုင်သွားခဲ့သည်။

မျက်လုံးတွေကိုမှိတ်ချလိုက်ရင်းလက်နှစ်ဖက်ကို ဆုပ်ကာသူစိတ်ထဲမှာအလိုချင်ဆုံးအရာတစ်ခုကို စိတ်ဆန္ဒပြင်းပျစွာဆုတောင်းခဲ့ပြီးနောက်မှာတော့

ဖူးးးးး!

ဖရောင်းတိုင်မီးတွေကိုမှုတ်ပစ်လိုက်သည်။

ဖြောင်း! ဖြောင်း! ဖြောင်း!

ခြံဝန်းထဲတွင်gaeulမွေးနေ့ပွဲကိုတက်ရောက်
လာသူအများအပြား၏လက်ခုပ်သံတွေနဲ့
ပြည့်နှက်သွားခဲ့သည်။

အကုန်လုံးရဲ့မျက်နှာမှာလဲပိတိအပြုံးတွေနဲ့။
အင်း....တစ်စုံတစ်ယောက်ကလွဲလို့ပေါ့

"cakeခွဲရအောင် ငါ့သမီးလေး"

အဖေဖြစ်သူဟာစားပွဲပေါ်တင်ထားတဲ့
cakeခွဲဓားကိုယူလိုက်ရင်း gaeulကိုပြုံးပြီး
ကြည့်ကာပြောလိုက်သည်။

gaeulကလဲတက်ကြွစွာနဲ့ပြန်ပြုံးပြလိုက်ရင်း
အဖေဖြစ်သူ၏လက်ထဲကcakeခွဲဓားကို
ဆွဲယူလိုက်သည်။

"အွန်း..။ မမနဲ့မေမေရောလာ ပြီးတော့
ဒေါက်တာရော"

သူ့လက်ကိုပါလာဆွဲပြီးခေါ်လာတဲ့gaeulကြောင့် hyunseoအံ့ဩမိသည်။
သူတို့မိသားစုဝင်တွေကြား hyunseoကအခုကန့်လန့်ကြီးဖြစ်နေသလိုခံစားရသည်။

𝐑𝐞𝐯𝐞𝐧𝐠𝐞Where stories live. Discover now