ကလင်! ကလင်!
ညအိပ်ယာဝင်ဖို့အတွက်အခန်းထဲဝင်ဝင်လာချင်းkarinaကြားလိုက်ရတာတုန်ခါနေတဲ့
ဖုန်းဆီကringtoneသံကိုပါပဲ။"ဒီအချိန်ကြီးဘယ်သူပါလိမ့်"
အချိန်ဟာည12လောက်ထဲဝင်နေပြီမို့သူ့ဆီဖုန်းဆက်လောက်မဲ့လူကထွေထွေထူးထူးမရှိတာ့ဘူးထင်ထားခဲ့တာ
အခန်းရဲ့အလုပ်စားပွဲနားဆီသွားပြီအဲ့ပေါ်တင်ထားတဲ့ဖုန်းကိုကောက်ကိုင်ကာခေါ်ဆိုသူကိုကြည့်လိုက်တော့karinaလက်တွေတုန်လာခဲ့သည်။
"minjeongပဲ..."
minjeongခေါ်နေတာပဲဆိုတဲ့အသိကြောင့်ဘာကြောင့်မှန်းတော့မသိချွေးပါပြန်ချင်လာသည်။
"hello..."
"ဟုတ်ကဲ့... ဒါကkarina yuလားမသိဘူး"
"ဟင်..."
ဖုန်းကိုင်လိုက်သည့်အခါတဖက်ကကြားရတဲ့အသံဟာminjeongအသံမဟုတ်ပဲယောင်္ကျားတစ်ယောက်၏အသံဖြစ်နေတာကြောင့်သူများအမြင်မှားသွားသေးသလားဆိုပြီးkarinaဖုန်းsereenကိုတစ်ချက်ပြန်ကြည့်မိတော့လဲမမှားပါ အသေအချာကို
minjeongနံပါတ်နဲ့minjeongနာမည်ပဲ"ကျွန်မကဟုတ်တယ်.... ဒါပေမယ့်အခုပြောနေတာကဘယ်သူလဲ"
လေသံဟာခပ်မာမာပါပဲ...။ minjeongဖုန်းကယောင်္ကျားတစ်ယောက်ဆီမှာရှိနေတယ်ဆိုတာနဲ့တင်karinaစိတ်တွေသိပ်မကြည်တော့ပါ
"ငါကmingyu..."
"ဘာ..."
"မင်းမှတ်မိမှာပါ ငါတို့တွေ့ခဲ့တာကမနက်ကလေးတင်"
"ကျွန်မစိတ်မဝင်စားဘူး...။ kim minjeong
ဖုန်းကရှင့်လက်ထဲဘယ်လိုများရောက်နေရတာလဲ""အဲ့ဒါကျစိတ်ဝင်စားတယ်ပေါ့"
"........"
"အဟက်!.."
တိတ်ဆိတ်သွားတဲ့karinaကြောင့်တဖက်ကရယ်သံခပ်တိုးတိုးဟာထွက်လာခဲ့သည်။
"မင်းပြောတဲ့minjeongကအခုမူးပြီးမှောက်နေတာသိလား.... ပြီးတော့ပါးစပ်ကနေမင်းကိုခေါ်ပေးဖို့ပြောနေလို့ငါလဲသူ့ဖုန်းကိုယူပြီးခေါ်လိုက်ရတာ"
"ဘယ်လို..."
"ငါလိပ်စာပို့ပေးလိုက်မှာမလို့မင်းလာခဲ့လိုက်... သူ့ကိုငါ့အိမ်ခေါ်သွားတာမလိုချင်ဘူးဆိုရင်ပေါ့..."
YOU ARE READING
𝐑𝐞𝐯𝐞𝐧𝐠𝐞
Fanfiction"ကိုယ့်နေရာကိုယ်မသိတဲ့လူတွေကိုအပြစ်ပေးဖို့အတွက်ကခက်ခဲမယ်လို့များထင်နေလား" jiminjeong/eulseo/daerin