အပိုင်း ၆

4.9K 597 320
                                    

LAMIAN နိုင်ငံ၊ မြို့တော် LAMINI (လာမီနီ)။

"ဧကရာဇ်တို့ ကြွပါ ခင်ဗျ၊ ကျွန်တော်တို့ ဖိတ်ကြားမှုကို အခုလို တက်ရောက်ပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်ဗျာ"

လှိုက်လှိုက်လှဲလှဲကြိုဆိုသည့် LAMIAN နိုင်ငံ၏ ဝန်ကြီးချုပ်ကို ဘုရင်ငယ်လေးက ခပ်ပြေပြေလေး ပြုံးပြရင်း ပြန်တုန့်ပြန်လိုက်သည်။

"ပွဲက မနက်ဖြန်မှ ဆိုပေမယ့် ဧကရာဇ်တို့ နေဖို့ထိုင်ဖို့ လည်ပတ်ဖို့အတွက် အားလုံး စီစဉ်ပေးထားပါတယ် ခင်ဗျ။ ဒီဘက်ကတော့ ဧကရာဇ်တို့ နေထိုင်ဖို့အိပ်ဆောင်ပါ။ ညနေကြရင် ကျွန်တော့်သားက မြင်းစီးကွင်းကို လိုက်ပို့ပေးပါလိမ့်မယ်။ ညကြရင်တော့ ကျွန်တော် တစ်နိုင်ငံလုံးမှာ နာမည်အကြီးဆုံး သဘာဝရေပူစမ်းမှာ အနားယူလို့ရအောင် ပြင်ဆင်ပေးထားပါတယ်"

"ကျေးဇူးတင်ပါတယ်"

"မဟုတ်တာဗျာ၊ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာပါ"

ဝန်ကြီးချုပ်ထွက်သွားပြီးနောက်တွင် ဂျီမင်နှင့်ဧကရာဇ်ဂျွန်တို့ နှစ်ယောက်ထဲ အိပ်ဆောင်ထဲတွင် ကျန်ခဲ့၏။ အိပ်ဆောင်သည် အလွန်ပင် ခမ်းနားထည်ဝါပြီး luxury ဆန်လှသည်။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့အား သည်နိုင်ငံက ဘယ်လောက်အလေးထားသလဲကို မြင်နိုင်သည်။

"မင်းနားရင်နားလေ..."

"ကိုယ်လက်သန့်စင်လိုက်အုံးမယ်"

"ခဏ...ပြောစရာရှိတယ်။ ထပ်ပြီး ခုနကလို မလုပ်နဲ့ ငါမကြိုက်ဘူး"

ခုနကလိုမလုပ်နဲ့ဆိုတာ ဘာကိုဆိုလိုတာလဲ ဂျီမင် သိပါသည်။ ထိုစကားကြားပြီးပြီးချင်းမှာတင် ဂျီမင့်မျက်နှာသည် သာသာယာယာမရှိတော့ချေ။

"ဘာလို့လဲ...ငါတို့ လက်ထပ်ထားတာပဲလေ"

"ဘာလို့လဲဆိုတာ မင်းကို ပြောရအုံးမှာလား"

"မကြိုက်ဘူးဆိုရင်လည်း ထုတ်မပြောဘဲ စိတ်ထဲ သိမ်းထားပါလား။ ငါ့ကို ထုတ်ပြောပြီးနာကျင်အောင်လုပ်ရမှ ဖြစ်မှာလား။ အနမ်းလေးတစ်ခုပဲ ခဏတာဟန်ဆောင်လိုက်ရတာ ဘာနစ်နာလို့လဲ။ ငါက မသတီလူမလို့လား"

THE ANTIVENOM OF VENOMOUS MONARCHY Where stories live. Discover now