အပိုင်း ၂၂

6.1K 814 265
                                    

ရပ်ကွက်ဈေးထဲမှာ ဖြစ်၍ လူတွေရဲ့အသံများဖြင့် ဆူညံနေ၏။ လူကျလျက်ရှိသော ထမင်းဆိုင်ထဲ ပြေးလွှားနေရသည့် ၁၂နှစ်အရွယ် ကောင်လေးကလည်း မမောနိုင်မပန်းနိုင်..။ ဧည့်သည်တွေ မှာသည်ကို မှတ်၊ ရလာတဲ့ အစားအစာတွေကို ပြန်ချပေးရင်း အလုပ်လုပ်နေရသည်မှာ ချွေးတလုံးလုံးဖြင့်...။

"ဝက်ကုန်း တစ်ပွဲ!"

"ဟုတ်ကဲ့ဗျ"

၁၂နှစ်ဆိုတာ သိပ်ကို ငယ်သေးပေမယ့် သူ့အတွက် ငယ်နေလို့မရပါ။ သူ၏ စားဝတ်နေရေးအတွက် ကျောင်းစရိတ်အတွက် သူအလုပ် လုပ်ရမည် မဟုတ်လား။ အယ်လ်ဖာဗီဇလေးပါသူ ပီသစွာ ၁၂နှစ်အရွယ်နှင့်မလိုက်သော ခန္ဓာထွားထွားလေး ရှိနေတာကြောင့်သာ ပင်ပန်းမှုဒဏ်တွေကို ခံနိုင်နေတာ..။

အဝတ်နွမ်းနွမ်းလေးကို ဝတ်ဆင်ထားလျက်တောင် သူမျက်နှာလေးမှာရှိတဲ့ အရှိန်အဝါလေးက ကျမသွား...။ သူဟာ ဘုရင်နက္ခတ်နဲ့ မွေးဖွားလာသူ မဟုတ်လား။ ဒဏ်ရာဒဏ်ချက်တွေ အပြည့်ရှိသော လက်တို့ဖြင့် ဟင်းပွဲတွေကို သယ်တော့ မနိုင့်တနိုင့်..။

"ရေလာပေးအုံးကွ!"

"ထမင်း ၂ပန်းကန်ပေးပါအုံး ဟေ့!"

စိတ်မရှည်ကြတဲ့ စားသုံးသူတွေကြား ကောင်လေးဟာ တစ်ချက်တောင် မငြီးနိုင်ချေ။

"ခလွမ်း!!"

ကြမ်းပြင်ပေါ်သို့ လွတ်ကျသွားသော ဟင်းပွဲကြောင့် ဆိုင်ထဲရှိ လူတွေရဲ့ စကားသံတို့ တိတ်ဆိတ်သွားပြီး ကောင်လေးဆီ အကြည့်ရောက်လာ၏။

"တောင်းပန်ပါတယ် တောင်းပန်ပါတယ်"

အကြိမ်ကြိမ်တောင်းပန်ရင်း ပန်းကန်ကွဲစတို့အား သူအလျင်အမြန်သိမ်းလိုက်သည်။

"အာ့..."

လက်ဖဝါးကို ပန်းကန်စ ရှသွားသော်လည်း သူဂရုမထားအားပါ။ ပန်းကန်တွေကို အမှိုက်တောင်းထဲ အမြန်ထည့်ကာ ဟင်း တစ်ပွဲထပ်မှာရသည်။ ထိုအခါ ဆိုင်ရှင်က သူ့ကို ဆိုင်နောက်ဘက်ဆီ ဆွဲခေါ်ပြီး...

"မင်း ငါ့ကို အရင်းပြုတ်အောင် လုပ်နေတာလား!! မနက်ကလည်း ဖန်ခွက်တစ်ခွက် အခုလည်း ပန်းကန်..။ မင်းစောက်သုံးကျတာ ဘာရှိလဲ"

THE ANTIVENOM OF VENOMOUS MONARCHY Where stories live. Discover now