အပိုင်း ၁၁

7.2K 702 253
                                    

"တစ်ရာ့တစ်...တစ်ရာ့နှစ်...တစ်ရာ့သုံး"

ကြမ်းပြင်ပေါ်တွင် ဒိုက်ထိုးနေသော အိမ်ရှေ့စံသည် အကြည့်တို့စူးရှလျက်။ အမဲလိုက်ရန်ပြင်နေသော သားရဲတစ်ကောင်ကဲ့သို့ အကြည့်မျိုး..။ လက်တစ်ချက်ကွေးသွားတိုင်း ဖောင်းတက်လာသော လက်မောင်းကြွက်အဖုအထစ်ကြီးများဟာ ယုန်တစ်ကောင်စာလောက်ရှိသည်။ ကျောပြင်မှာမူ ကျယ်ပြန့်ကာ တောင်တန်းများလို မညီမညာသောပုခုံး ကြွက်သားတို့က တောင့်တင်းနေ၏။

အကြိမ်တစ်ရာ ထိုက်ထိုးပြီးသည်အထိ မောဟိုက်ခြင်းမရှိသည်မှာ သူ၏ သက်လုံ အားကောင်းမှုကို ကြွားဝါနေသလို။

"မင်း ဘာလုပ်နေတာလဲ"

"ဒိုက်ထိုးနေတာလေ မမြင်ဘူးလား"

"မင်း ငါ့နန်းတော်က အိုမီဂါကို မဟုတ်တရုတ် လုပ်ဖို့မကြံနဲ့ ကင်မ်ယောင်း"

အိမ်ရှေ့စံက ဟက်ခနဲ ရယ်သည်။

"ဘယ်လိုဖြစ်ဖြစ် ငါ့ပိုင်ရမယ့်လူပဲလေ"

"ပိုင်ရမယ့်လူဆိုပြီး ကျူးကျူးလွန်လွန်လုပ်လို့ကတော့ မင်းကို ကွပ်မျက်ပစ်မယ်"

အိမ်ရှေ့စံက တဟက်ဟက်နဲ့ရယ်လို့မဆုံး။ သူ့ယောက်ဖကို တွန့်တိုနေသည့် ဧကရာဇ်ဂျွန်က အိုမီဂါကလေးရဲ့ ဖခင်ကြီးလို။

အိမ်ရှေ့စံရဲ့ နာမည်အရင်းသည် ကင်မ်ထယ်ယောင်းဖြစ်ပြီး လက်ရှိတွင်တော့ ကိုယ်လုပ်တော် ကင်မ်ထယ်ထယ်အဖြစ် ဟန်ဆောင်ထား၏။ တကယ်တမ်း အယ်လ်ဖာတစ်ယောက်က အိုမီဂါတစ်ယောက်အဖြစ် ဟန်ဆောင်ဖို့ဆိုတာ အယ်လ်ဖာတွေရဲ့ အမုန်းတီးဆုံး လုပ်ရပ်တစ်ခု။ အိမ်ရှေ့စံကရော ဘာကြောင့်များလဲ..။

"စိတ်ချစမ်းပါ၊ ငါက လက်မထပ်ရသေးဘဲ သူများသားသမီးကို ကျူးလွန်မယ့်ကောင်မဟုတ်ဘူး။ ကျူးလွန်မိရင်လည်း လက်ထပ်မယ့်ကောင်ပါ"

ယခုခေတ်ဟာ အရာရာပွင့်လင်းမြင်သာသော ခေတ်ဖြစ်သဖြင့် အိမ်ထောင်ပြုခြင်းတွင် ရှေးအယူအဆတွေလည်း ပျောက်ကွယ်လုနီးပါးဖြစ်လာပြီး အပျိုဖြစ်ရမယ်၊ လူပျိုဖြစ်ရမယ်ဆိုသည့် ခံယူချက်တို့လည်း နည်းပါးလာသည်။ လူတိုင်းသည် ကိုယ့်ကိုယ်ပိုင် ခံယူချက်ဖြင့် ရွေးချယ်ကြသည်။

THE ANTIVENOM OF VENOMOUS MONARCHY Where stories live. Discover now