အပိုင်း ၁၈

4.8K 619 120
                                    

"ကင်မ်ထယ်ထယ် ပျောက်နေတယ်နော်"

ကင်မ်ထယ်ထယ်မရှိသည်ကို ပထမဆုံး သတိထားမိသူက ဟိုဆော့သာ။

"တစ်နေရာရာသွားတာနေမှာပေါ့"

"ငါမတွေ့တာ ၂ရက်တောင်ရှိပြီ"

"မရှိတော့ကောင်းတာပေါ့"

ဂျီမင့်အတွက်တော့ ထယ်ထယ်မရှိတာက ပိုကောင်းနေမပေါ့။ ထယ်ထယ်က သူ့အတွက်တော့ ပြိုင်ဘက်ပဲလေ။ လူတိုင်းက ကိုယ့်ခင်ပွန်းကို ကိုယ်တစ်ယောက်တည်း ပိုင်ချင်ကြတာပဲ မဟုတ်လား...။ knot ပြီးနောက်ပိုင်း ဧကရာဇ်ဂျွန်အပေါ် ဂျွန်ဂျီမင်လေး၏ ပိုင်ဆိုင်လိုမှုက ပိုကြီးမားလာခဲ့တယ်။ အိုမီဂါတစ်ယောက်ရဲ့ အတ္တလိုပဲ ဆိုရမလား...။ ဧကရာဇ်ဂျွန်ကို သူတစ်ယောက်တည်းသာ ပိုင်ဆိုင်ချင်တော့တယ်။

"ဂျွန်ဂျီမင်တို့ မျက်နှာပန်းလှနေတယ်ပေါ့"

"နည်းနည်းပါ"

Knot ၏ နောက်ဆက်တွဲ အကျိုးဆက်များဟာ ဂျီမင့်ကိုမျက်နှာပန်းလှစေတာ အမှန်။ ဂျီမင့်ကိုယ်မှာ ဧကရာဇ်ဂျွန်၏ pheromone တွေဖုံးလွှမ်းနေလေတော့ နန်းတော်အတွင်း ဘုရင်ငယ်လေးဟာ ဧကရာဇ်ဂျွန်၏ အချစ်တော်လေးပါဆိုပြီး နာမည်ကြီးနေ၏။ ဒါကြောင့် ဂျွန်ဂျီမင်လေးက မျက်နှာကိုဝံ့နေရောပေါ့။

"အစ်ကို စိတ်ဝင်စားရမှာ ကျွန်တော် မဟုတ်ဘူးနော်၊ အစ်ကိုလက်ထပ်ရမယ့် လူအကြောင်း..."

"ဧကရာဇ်ဂျွန်က ငါ့ကို တကယ်ပဲ ဘယ်သူနဲ့ပေးစားချင်နေတာလဲ"

"ဧကရာဇ်ဂျွန်က စိတ်နှလုံးကောင်းလေးရှိပါတယ်။ အစ်ကို့ကို မကောင်းတဲ့လူနဲ့ ပေးစားပါ့မလား"

ဧကရာဇ်ဂျွန်ဟာ စိတ်နှလုံးကောင်းသူဟု ကြားလိုက်ရသည့်အခါ ဟိုဆော့ နှုတ်ခမ်းမဲ့ကျသွားသည်။ ဂျွန်ဂျီမင်ဟာ အဲ့သလို ချစ်ခင်ပွန်းကို အမွှန်းတင်တတ်ပါသေးသည်။

"ငါကတော့ ငါ့ကို ရုပ်ဆိုးဆိုးစရိုက်ဆိုးဆိုးနဲ့ပေးစားရင် ပေါ်တင် ထွက်ပြေးမှာ၊ ငါ မိုက်မဲတယ်လို့ပဲပြောပြော...ငါ့ဘဝကို လွယ်လွယ်နဲ့ အဆုံးမခံနိုင်ဘူး"

"ဧကရာဇ်ဂျွန်က အစ်ကို့ကို အဲ့လိုလုပ်ပါ့မလား...။ဧကရာဇ်ဂျွန်က လူကြီးလူကောင်းပါ၊ အစ်ကိုက သူ့အတွက်ဆိုလည်း ညီလေးပဲလေ။ သူက အိုမီဂါတွေအပေါ် ညှာတာတတ်တဲ့သူပါ"

THE ANTIVENOM OF VENOMOUS MONARCHY Where stories live. Discover now