အပိုင်း ၄

4.2K 558 235
                                    

"လက်ထပ်ပွဲဖျက်ပေးးးး!!"

"မရဘူး"

မျက်နှာတစ်ခုလုံးနီရဲနေသော ဟိုဆော့မှာ ခြေဆောင့်ကာ ကြမ်းပြင်ပေါ်ထိုင်ချပြီး နှုတ်ခမ်းကိုဆူထား၏။ ဧကရာဇ်ဂျွန်က သူ့ကို့ကြည့်ပြီး ခေါင်းကိုက်နေဟန်ဖြင့် နားထင်ကို လက်ညှိုးဖြင့် ဖိလျက်။

"ဘာလို့ စေ့စပ်ပွဲတောင် မဟုတ်ဘဲ လက်ထပ်ပွဲကို တစ်ခါတည်းလုပ်မှာလဲ!"

"သူ့ဘက်က လက်ထပ်ချင်ပါတယ်ပြောလို့လေ"

"Jeon jungkook မင်းအဲ့လိုပဲလား!! မင်း ကိုယ့်နိုင်ငံက အိုမီဂါကို အဲ့လို ထိုးပေးပစ်မယ်ပေါ့"

"မင်းကိုယ်တိုင် သဘောကျတယ်လို့ ပြောခဲ့တာလေ"

ဟိုဆော့က မျက်နှာကို ချက်ချင်းမဲ့ချပစ်ပြီး ငိုတော့မည့်စဲစဲ။

"လက်မထပ်ဘူး! လက်မထပ်ဘူး!!"

"မင်းအသက် ဘယ်လောက်ရှိပြီလဲ..။ မင်းက လက်ထပ်ရမယ့် အရွယ်ရောက်နေပြီ"

ဟိုဆော့သည် ချက်ချင်း ပြန်ထကာ ဧကရာဇ်ဂျွန်ကို မျက်စောင်းထိုးပြီး ငိုမဲ့မဲ့ဖြင့်ပြောသည်။

"ငါသိတယ်၊ မင်းငါတို့ကို မုန်းလို့ ဒီလိုလုပ်နေတာ! မင်းငါ့တို့ကို မင်းနန်းတော်မှာ မရှိစေချင်လို့ လုပ်တာ။ ငါသိတယ်!"

"သိရင်ပြီးရော...သွားတော့"

"Jeon jungkook မင်းမှတ်ထား!! ငါသူများနိုင်ငံကိုပါသွားရင် အဲ့နိုင်ငံနဲ့ပေါင်းပြီး မင်းကိုလုပ်ကြံမှာ!!"

ဧကရာဇ်က လှောင်ရယ်ရယ်လိုက်တော့ ဟိုဆော့ရဲ့မျက်နှာက မဲကျသွားသည်။

"မင်းလှောင်တာလား!"

"အကြောင်းအရာက အတော်လေး စိတ်ကူးယဉ်ဆန်တော့ ငါ့ကို ‌ရယ်အောင်လုပ်နိုင်တယ်လေ၊ ဂုဏ်ယူပါတယ်။ တစ်နေ့လုံးမှာ မင်းက ငါ့ကို ပထမဆုံးရယ်ရအောင် လုပ်နိုင်တဲ့သူပဲ"

ဟိုဆော့မှာ ပြက်ရယ်ပြုခြင်းခံလိုက်ရသဖြင့် တရှူးရှူးတရှဲရှဲ ဒေါသထွက်လာကာ လက်ခလယ်ထောင်ပြီး အော်ဆဲတော့သည်။

"ယိ့လား!!"

"အေး ဟုတ်တယ်"

"မင်း! မင်း!!"

THE ANTIVENOM OF VENOMOUS MONARCHY Where stories live. Discover now