အစ်ကိုဟိုဆော့၏ ဟွင်းဟွင်း ရဲ့နောက်ဆက်တွဲ စီမံကိန်းကြီးကို စတင်ဖို့ရာ ည၉နာရီအချိန်တွင် ဇာပါးကဲ့သို့ ချည်သားဖြင့် ချုပ်ထားသော လက်ရှည် ဘီတို ညအိပ်ဝတ်စုံကိုဝတ်ရင်း Jeon jungkook ၏ အိပ်ဆောင်ဆီကို ဂျီမင် ကြွမြန်းရချေပြီ။
သူမလာတော့လည်း ကိုယ့်သွားရမှာပေါ့ဆိုတဲ့အတိုင်း စီမံကိန်းကို အကောင်အထည် ဖော်ဖို့အတွက် ကိုယ့်ဘက်က လှုပ်ရှားရတော့မည်။
Jeon jungkook ၏ အိပ်ဆောင်ရှေ့သို့ရောက်သော အခါ ရဲမက်လေးယောက်အား တွေ့လိုက်ရသည်။ ခပ်တည်တည်ပင် အိပ်ဆောင်ထဲ ဝင်ရန်ပြင်တော့ ရဲမက်တွေက တားသည်။
"ဧကရာဇ်ဂျွန်က ည၈နာရီကစလို့ သူအိပ်ဆောင် ဘယ်သူမှ မလာရဘူးလို့ တားမြစ်ထားပါတယ်"
ဂျီမင်သည် မျက်ခုံးကိုပင့် မျက်နှာကိုဝံ့ချီကာ ဘုရင်ငယ်ဆိုသည့် အရှိန်အဝါကို မြင်သာအောင် ထုတ်ဖော်ရင်း...
"ငါက တခြားသူလား...ကိုယ့်အယ်လ်ဖာအခန်းထဲတောင် လာလို့မရဘူးလား"
တည်တင်းသော မျက်နှာ၊ စူးရှသော အကြည့်များနှင့် ဘုရင်ငယ်လေးကြောင့် ရဲမက်တွေတွန့်ဆုတ်သွားသည်။
"အခုချက်ချင်း ဖယ်စမ်း!"
ပုံမှန်အချိန်ဆိုလျှင် ကြည်လင်ကာ ချစ်စရာကောင်းသော ဘုရင်ငယ်လေးမှာ သူ၏အရှိန်အဝါကို ထုတ်ပြသော အချိန်တွင်လည်း ကွာပြားခြားနားစွာဖြင့် တစ်မျိုးတစ်ဖုံ ကျက်သရေရှိနေသည်။
"ဧ...ဧကရာဇ်က..."
"ဧကရာဇ်ကို ငါပြောမှာမလို့ မင်းတို့ မစိုးရိမ်နဲ့။ ငါဘုရင်ငယ် ရှေ့ကသာ ဖယ်လိုက်ပါ"
ဂျီမင်အသံသည် ပြတ်သားကြည်လင်နေပြီး ဩဇာအပြည့်ဖြင့်။ ရဲမက်တွေကလည်း ဧကရာဇ်ပြီးလျှင် ဘုရင်ငယ်က ဒုတိယအာဏာအရှိဆုံးဖြစ်၍ မလွန်ဆန်နိုင်ကာ ရှေ့မှဖယ်ပေးလိုက်ကြသည်။ ဘုရင်ငယ်လေးသည် တံခါးချပ်ကို တွန်းဖွင့်ကာ အိပ်ဆောင်အတွင်းသို့ ကြွရွစွာ လျှောက်လှမ်းသွားသည်။
ပန်းနုရောင်ဇာပါး pajamaလေးကြောင့် မီးရောင်အောက်မှာ ရပ်နေလျှင် သူ၏ အက်စ်လိုင်း ခန္ဓာအချိုးအစားလေးကို ခပ်ရေးရေးမြင်ရ၏။ ပေါင်လယ်ထိတိုသော ပန်းရောင် ဘောင်းဘီလေးကြောင့် ခြေတံသွယ်သွယ်ခိုင်ခိုင်လေးက ရှင်းလင်းစွာ။ အိပ်ဆောင်အတွင်းသို့ရောက်သော် ဧကရာဇ်အိပ်စက်ရာ ရွှေရောင်မွေ့ရာကုတင်ကြီး၏ ရှေ့တွင် မတ်တပ်ရပ်လိုက်သည်။
![](https://img.wattpad.com/cover/369186852-288-k966751.jpg)
YOU ARE READING
THE ANTIVENOM OF VENOMOUS MONARCHY
Fanfictionဧကရာဇ်ဂျွန်မှာ ဘုရင်ငယ်လေးတစ်ပါးရှိတယ်။ ဧကရာဇ်ဂျွန်က အဆိပ်ပြင်းရင် ဘုရင်ငယ်လေးက ဖြေဆေးတစ်ခုပဲ။ #1 - jikook (20 July,2024) Started - 17May, 2024