အပိုင်း ၁၄

5.1K 610 250
                                    

"တရားခံက မင်းမလား!!"

"မဟုတ်ရပါဘူး...ထယ်ထယ်ကလေ"

"သေဖို့သာပြင်ထား!!"

ကိုယ်လုပ်တော်ထယ်ထယ်ကို အသားကုန်ဆော်တော့မည့် ဟိုဆော့အား ဂျီမင် မနည်းဆွဲထားရ၏။ သူထွက်ပြေးတာ သိသွားရခြင်းအကြောင်းအရင်းက ကိုယ်လုပ်တော်ကြောင့်ဆိုတာ သိသွားတာကြောင့် သူပေးတဲ့ လက်ကောက်ယူပြီး သူ့ကို သစ္စာဖောက်ရကောင်းလားဆိုပြီး အသေသတ်မယ် တကဲကဲပေါ့။ ထယ်ထယ်ကလည်း မျက်နှာငယ်လေးနဲ့ သူမဟုတ်ပါဘူးပေါ့။

ဂျီမင့်မှာ မာန်ဖီနေတဲ့ ကြောင်လေးကို အတင်းပိုက်ထားရသလိုမျိုး ဟိုဆော့ကို ဆွဲတားရသည်။

"လွှတ် ဂျီမင်၊ ငါသူ့ကို လုပ်ရမှ ကျေနပ်မှာ..."

"စိတ်ထိန်းပါ အစ်ကိုကလည်း"

"ထိန်းနိုင်မလားကွ! ဒီကောင် လုပ်လို့ မဟုတ်ရင် ငါပြေးလွှတ်တယ်"

ဂျီမင် သက်ပြင်းဖွဖွချလိုက်ကာ..

"မဟုတ်လည်း ပြေးလွှတ်မှာမှမဟုတ်တာ၊ ဧကရာဇ်ဂျွန် ဘယ်လောက်လက်တံရှည်လဲ မသိဘူးလား။ အစ်ကိုဘယ်ရောက်ရောက် သူ့အာဏာနဲ့ ခဏအတွင်းရှာလို့ရတယ်။ ပြီးတော့ ကိုယ်လုပ်တော်အမှားမဟုတ်ဘူး ယုံတဲ့ အစ်ကို့အမှားလေ၊ ဒီကိုယ်လုပ်တော် ရုပ်က ဘယ်နားက ယုံရလို့ သွားပြောပြလိုက်ရတာလဲ။ ရုပ်ကိုက ကလိမ်ကကျစ်ရုပ်ဆိုတာ မတွေ့ဘူးလား"

ရှေ့တင် အဖဲ့ခံလိုက်ရသည့် ထယ်ယောင်း၏ မျက်နှာဟာ မဲကျသွားသည်။

"အဲ့တော့ ငါ့အမှားလို့ ပြောချင်တာပေါ့"

"ဟုတ်တယ်လေ"

"အဓိက အမှားက မင်းလူလေ၊ မင်းဧကရာဇ်သာ ငါ့ကို ဗိုက်ပူပူ အရပ်ပုပု အိုမီဂါတွေနဲ့ပွေရှုပ်တဲ့လူနဲ့ မပေးစားရင် ငါက ထွက်ပြေးစရာလား!"

"ဘာ!"

အလန့်တကြား ထအော်သူက ကိုယ်လုပ်တော် ထယ်ထယ်။

"အရပ်ပုပု ဗိုက်ပူပူ အိုမီဂါတွေနဲ့ ရှုပ်တယ်!!!"

"အေးးး အဲ့လိုကောင်နဲ့ ငါ့ကို ပေးစားတာ အဲ့တာကြောင့် ထွက်ပြေးတာ သိပြီလား မျိုးမစစ်ကောင်ရဲ့!"

THE ANTIVENOM OF VENOMOUS MONARCHY Where stories live. Discover now