အပိုင်း ၁၃

4.6K 603 162
                                    

စကားတစ်ခွန်းနဲ့တင် ရူးဖို့ လုံလောက်တယ်ဆို ယုံမလား။ တခြားကောင်ရဲ့ omega သွားလုပ်လေ ဆိုတဲ့ စကားတစ်ခွန်းနဲ့တင်ကို လုံလောက်ခဲ့ပါတယ်၊ ရင်တွေကွဲဖို့ အထပ်ထပ်အခါခါကို လုံ‌လောက်ခဲ့ပါတယ်။ လူတစ်ယောက်က သူမြတ်နိုးရတဲ့ လူတစ်ယောက်ကို အခြားသူထံပေးပစ်ဖို့ မပြောနဲ့ စကားနဲ့တောင် မပေးပစ်နိုင်ပါဘူး။

သူလည်း ထို့အတူပါပဲ။ ဧကရာဇ်ဂျွန်ကို တခြားသူထံပေးဖို့ မပြောနဲ့ စကားနဲ့တောင် မပေးနိုင်ပါဘူး။ ပေးပစ်မယ့်စကားလေး တစ်ခွန်းပြောရင်ဝောာင် ရင်တွေနာလွန်းလို့။ သို့ပေမယ့် ဧကရာဇ်ဂျွန်ကတော့ မဟုတ်။ ဧကရာဇ်ဂျွန်ဟာ သူ့အပေါ် မေတ္တာမရှိ၊ ချစ်ခြင်းမရှိ၊ လေးစားမှုလည်းမရှိ။ နောက်ဆုံး ဧကရာဇ်ဂျွန်ကို တုံ့ပြန်နိုင်မယ့် စကားတစ်ခွန်းတောင် သူပြောမထွက်ဘူး။

သူတို့နှစ်ယောက်လုံး တိတ်ဆိတ်သွားချိန်တွင် ဧကရာဇ်ဂျွန်၏ ဖုန်းထဲ ဖုန်းကောလ်တစ်ခု ဝင်လာသည်။ ဧကရာဇ်ဂျွန်သည် ချက်ချင်း ဖုန်းကို လက်ခံဖြေဆိုလိုက်သည်။

"အင်း၊ နန်းတော်ကို ပြန်ခေါ်သွားလိုက်..."

ဧကရာဇ်ဂျွန်၏ စကားကြောင့် ဂျီမင် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ဧကရာဇ်ဂျွန်က ဖုန်းချလိုက်တော့....

"ဘယ်သူလဲ"

"မင်းအစ်ကို...ဖမ်းမိပြီ။ အခုတည်းက သိလိုက်တော့...မင်း ဘယ်ပြေးပြေး ငါ့လက်ထဲက မလွတ်ဘူး။ ထွက်သွားဖို့ စိတ်တောင်မကူးနဲ့"

"ကိုကို...မင်းအဲ့လောက်တောင် ရက်စက်ရလား။ အစ်ကိုဟိုဆော့က လူပျိုနုနုလေး၊ အိမ်ထောင်ရှိပြီး ပွေရှုပ်တဲ့ လူနဲ့ မင်းမို့လို့ လက်ထပ်ပေးရက်တယ်။ ကောင်းကောင်းမွန်မွန် လူနဲ့ဆို ငါသည်းခံနိုင်ပါသေးတယ်။ အခုက..."

"အိမ်ထောင်မရှိဘူး၊ ပွေရှုပ်တဲ့လူဆိုတာတော့ ဟုတ်တယ်။ စိတ်ပူမနေနဲ့"

" ပွေရှုပ်တဲ့လူဆိုတာ ယုံရတာ မဟုတ်ဘူး! အစ်ကို့ကို သစ္စာဖောက်ရင် ဘယ်လိုလုပ်မလဲ"

" မပွေရှုပ်တဲ့ အယ်လ်ဖာဆိုတာ ရှိလို့လား။ မင်းမသိတဲ့ အကြောင်းအရာတွေ အများကြီး ဂျွန်ဂျီမင်၊ ငါစီစဉ်တဲ့အတိုင်း မင်းတို့ လက်ခံရမယ်။ မဟုတ်ရင် မင်းနောင်တရလိမ့်မယ်"

THE ANTIVENOM OF VENOMOUS MONARCHY Where stories live. Discover now