အပိုင်း ၂၆

7K 741 219
                                    

မီးရောင်တို့ မမှိန်တမှိန်ရှိနေသော နန်းတော် ခြေသံများက တရှပ်ရှပ်...။ ဂျီမင့်မှာတော့ အဖမ်းခံရမှာ ကြောက်တဲ့စိတ်ကြောင့် ရင်တလှပ်လှပ်နဲ့...။ တကယ်က သူအဖမ်းခံရမှာကို ကြောက်တာ မဟုတ်ဘဲ ဧကရာဇ်ဂျွန် အဖမ်းခံရမှာကို ကြောက်နေတာ ဖြစ်သည်။

သူက ပြန်ခိုင်းပေမယ့် ခေါင်းမာတဲ့ ဧကရာဇ်ဂျွန်က သူ့မပါရင် နန်းတော်ထဲက လုံးဝ မထွက်ဘူးဆိုပြီး ခေါင်းမာနေတော့ နှစ်ယောက်သား ခုန်ချလို့ကလည်းမရသဖြင့် နန်းတော်ထဲကနေ ခိုးကြောင် ခိုးဝှက် ထွက်ရတော့သည်။

နန်းတော်တစ်ခုလုံးမှာက CCTV တွေ အပြည့်...။ အစောင့်ရဲမက်တွေကလည်း ‌ရာချီပြီး ရှိနေတာဖြစ်၍ မလွယ်ကူလှပါ။

"ဧကရာဇ်ဂျွန်၊ ငါ့ကို မခေါ်ဘဲ တစ်ယောက်တည်းပြန်တော့...ဒီလိုနဲ့ အကုန်မိကုန်တော့မယ်..."

"နောက်တစ်ခါထပ်ပြောရင် အမိခံလိုက်တော့မှာ...တိတ်တိတ်နေ ငါ့နောက်ကလိုက်ခဲ့....မင်းလောက်သေးသေးလေးကို နန်းတော်က မခေါ်ထုတ်နိုင်စရာ မရှိဘူး"

"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား..."

ဧကရာဇ်ဂျွန်သည် သူ့လက်ဖဝါးကို တင်းတင်းဆုပ်ကိုင်ကာ နန်းတော် ဒုတိယအထပ်ကို ဆင်းသည်။ လှေကားအဆင်းတွင် နန်းတော်အပေါ် တက်လာသော ရဲမက်၂ယောက်တို့ဖြင့် တိုးသည့်အခါ ဂျီမင် ထိတ်လန့်သွားပြီး ဧကရာဇ်ဂျွန်၏ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

ရဲမက်၂ယောက်ကလည်း ဧကရာဇ်ဂျွန်ကို တွေ့သည့်အခါ လန့်သွားကာ...

"ဟာ...ဧကရာဇ်ဂျွန်! ဒီလိုထွက်ပြေးတော့ အကုန်မိကုန်မှာပေါ့"

"ဒီလိုလုပ် ရဲမက် ချပ်ဝတ်တန်ဆာကို ဝတ်လိုက်"

ရဲမက်တွေက သူ့ဘက်ကလူတွေဖြစ်သည့်အခါ သူတို့ကို ချပ်ဝတ်တန်ဆာတွေ ချွတ်ပေးပြီး ပူပေါင်း၏။

"‌မင်းတို့ ကျေးဇူး မမေ့ပါဘူး"

"မခံယူဝံ့ပါဘူး၊ ဧကရာဇ်ဂျွန်တို့ ကျေးဇူးက ကျွန်တော့်တို့အပေါ် ဆပ်မကုန်နိုင်အောင် များနေခဲ့တာမလို့ ကျေးဇူးဆပ်ခွင့်ရတုန်းလေး ဆပ်တာပါ။ ဒီလှေကားတစ်လျှောက်လုံး ဆင်းသွားရင် ရဲမက်တွေ အပြည့်နဲ့တိုးလိမ့်မယ်။ မပူပါနဲ့ သူတို့တွေအကုန် ဧကရာဇ်ဂျွန်ဘက်က လူတွေပါပဲ။ မမြင်ချင်ယောင်ဆောင်ဖို့ သတင်းပေးပြီးပါပြီ"

THE ANTIVENOM OF VENOMOUS MONARCHY Where stories live. Discover now