အပိုင်း ၁၂

5.6K 665 218
                                    

ခပ်မှောင်မှောင် လမ်းသွယ်လမ်းကြားထဲ ပဲ့တင်နေသော မောဟိုက်သံတစ်ခု။ နောက်သို့ လှည့်ကြည့်လှည့်ကြည့် ပြေးရင်း သူအားကုန်လာသည်။ အများနှင့် တစ်ယောက် မိုက်ရူးရဲစွာ ချရလောက်တဲ့အထိလည်း သူအရဲမစွန့်နိုင်သဖြင့် ပြေးဖို့သာ အားသန်နေတော့သည်။ နဂိုတည်းက အသားနာရမှာလည်း သိပ်ကြောက်သကိုးး။

"ဟျောင့်တွေ မြန်မြန်ရှာကြ!!"

"ခုနလေးတင် ဒီနားမှာတွေ့သေးတယ်"

"ခေါင်းဆောင်က ရှာမတွေ့မချင်း ပြန်မလာခဲ့နဲ့တဲ့!! မြန်မြန်ရှာ!"

ဟိုဆော့ ရောက်တတ်ရာရာကို ပြေးနေရင်း ဘယ်ကို ရောက်လို့ရောက်မှန်းလည်း မသိ။ သူ့နောက်က လိုက်လာသူများက အယ်လ်ဖာ ဖြစ်သည့်အခါ အပြေးသန်ကြသည်။ ထို့ကြောင့် သူ ပြေးရတာက နှစ်ဆ။ တဖြည်းဖြည်း မောဟိုက်လာတဲ့အခါမှာတော့ သူ မပြေးနိုင်တော့သဖြင့် ခြေလှမ်းတွေ နှေးလာရသည်။

"ဟျောင့်တွေ ဒီဘက်!!"

နောက်ကလည်း လိုက်မှီတော့မည် ဖြစ်သဖြင့် တစ်နေရာတွင် ဝင်ပုန်းရန် အသည်းအသန်ရှာရတော့သည်။ နေရာရှာမရ၍ မူးနောက်နေချိန်တွင် သူ၏ လက်ကို အမှောင်ထဲမှ လူတစ်ယောက်က လှမ်းဆွဲလိုက်၏။

"အမေ့!"

လျှပ်တပြတ်အတွင်း ဖြစ်ပျက်သွားသဖြင့် သူ ဘာမှ သတိမထားမိလိုက်။ မျက်စိတစ်မှိတ်လေးအတွင်းမှာတင် သူဟာ ‌လူတစ်ယောက်၏ လက်နှစ်ဖက်ကြား ရောက်နေ၏။

"ဘယ်သူ....."

"ရှူးးးး"

နှုတ်ခမ်းကို လာပိတ်သည့် လက်ဖဝါးတစ်ဖက်သည် လက်ချောင်းရှည်ရှည်တို့ဖြင့်။

ထိုလူဟာ ဘယ်သူလဲ သူမသိပါ။ မျက်နှာတစ်ဝက်ကိုmask ဖြင့်အုပ်ထားပြီး မျက်လုံးကိုသာ မြင်ရသည်။

"တိုးတိုးနေ"

မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် သူ့ကို ကြည့်နေသော ဟိုဆော့ကို ကြည့်ရင်း မက်စ်အောက်က သူ့နှုတ်ခမ်းတို့ ကွေးညွှတ်သွားသည်။ သေချာတယ်၊ ဒီကောင်လေးကို သူ့ရဲ့ မျက်ဝန်းတွေကို ကြည့်ရင်း ကြွေသွားတာ...။

THE ANTIVENOM OF VENOMOUS MONARCHY Where stories live. Discover now