တဖြည်းဖြည်း မြင့်တက်လာသော heatကြောင့် ဂျီမင့်အာရုံတွေ ဝေဝါးလာသည်။ ဧကရာဇ်ဂျွန်ကို လိမ်ထားတာ ပေါ်သွားမှာစိုး၍ ပြေးထွက်လာပေမယ့် တကယ်တမ်း သူကိုယ်တိုင်က လိမ်ထားတာကို ပြောလိုက်မိခဲ့သည်။
သွားပြီ ဂျွန်ဂျီမင်! မင်းတော့ သွားပြီ!
ပြေးသာပြေးထွက်လာရတာ ဘယ်ကို သွားရမှန်းမသိ။ ခြေထောက်တွေကလည်း ယိုင်နဲ့လာပြီး အားအင်တွေယုတ်လျော့လာသည်။ ပတ်ဝန်းကျင်မှာလည်း အယ်လ်ဖာတွေအများကြီး ရှိနေသဖြင့် စိုးရိမ်ကြောင့်ကြမှုက ပိုဆိုးလာသည်။ heat အစပိုင်းလေးမလို့ သူအသိစိတ်ရှိသေးတာ၊ တဖြည်းဖြည်း heat ပြင်းလာတာနဲ့အမျှ သူအသိစိတ်လွတ်သွားလိမ့်မည်။ ဒါတွေ အားလုံး မနက်က ထိန်းချုပ်ဆေးမသောက်မိခြင်းရဲ့ နောက်ဆက်တွဲတွေပေါ့။
ဂျီမင် လမ်းလယ်ခေါင်မှာ ရပ်နေစဉ် အယ်လ်ဖာများက ကွက်ကြည့်ကွက်ကြည့်ဖြင့် ကြည့်နေကြသည်။ ကိုယ့်အခြေအနေမကောင်းမှန်း သိသော်လည်း ဘယ်ကိုသွားရမလဲ ဂျီမင် မသိ။
စိုးရိမ်ကြောင့်ကြနေတုန်းမှာပဲ ဂျီမင့်ကျောပြင်မှ နွေးထွေးသွားသည်။ ဒါဟာ လူတစ်ယောက်ရဲ့ ပွေ့ဖက်မှုမှန်း ဂျီမင် သိသည်။ လှည့်ကြည့်လိုက်တဲ့အခါမှာတော့ မြင်လိုက်ရသည်က ဧကရာဇ်ဂျွန်သာ။
"လိုက်ခဲ့"
ဧကရာဇ်ဂျွန်ဟာ ဂျီမင့်ကို ပွေ့ချီကာ Hotal တစ်ခုဆီခေါ်သွားပြီး VIP room ဆီသို့သွား၏။
"Heat ဆိုလည်း ကြိုပြောထားပါလား။ ငါမရှိရင် ဘယ်လိုလုပ်မလဲ"
ကြည့်ရတာ ဝန်ကြီးချုပ်ကို ပြောပြီး ဂျီမင့်အတွက် အခန်းပြင်ဆင်ပေးခဲ့တာ ဖြစ်လိမ့်မည်။ ဧကရာဇ်ဂျွန်က အလုံးစုံ သူ့အပေါမကောင်းသော်လည်း လုံခြုံမှုပေးစွမ်းနိုင်ပါသည်။ ဂျီမင့်အတွက် လုံခြုံမှုအပေးနိုင်ဆုံးက ခမည်းတော်ပြီးရင် ဧကရာဇ်ဂျွန်သာ ရှိသည်။ သူသာ ရှိနေရင် ဘာကိုမှ မကြောက်တော့တဲ့အထိ လုံခြုံနွေထွေးမှုကို ခံစားရသည်။
VIP room ထဲရောက်သည့်အခါ ဧကရာဇ်ဂျွန်သည် ဂျီမင့်ကို အဖြူရောင် မွေ့ယာကြီးပေါ် လှဲအိပ်စေပြီး အပေါ်မှ မိုးကာ သက်ပြင်းတစ်ချက်ချသည်။ ထို့နောက် ဂျီမင်ပေါ်မှ ဖယ်ကာ အခန်းထဲက ထွက်ရန် ပြင်၏။ ထို့ကြောင့် ဂျီမင်သည် ချက်ချင်းကုတင်ပေါ်မှ ဆင်းကာ ဧကရာဇ်ဂျွန်၏ လက်ကို လှမ်းဆွဲပြီး မျက်နှာချင်းဆိုင်အနေအထားတွင် ဧကရာဇ်ဂျွန်၏ လည်တိုင်ကို လက်ဖြင့် ချိတ်ကာ နှုတ်ခမ်းကို ခြေဖျားထောက်၍ မော့နမ်းလိုက်သည်။
![](https://img.wattpad.com/cover/369186852-288-k966751.jpg)
YOU ARE READING
THE ANTIVENOM OF VENOMOUS MONARCHY
Fanficဧကရာဇ်ဂျွန်မှာ ဘုရင်ငယ်လေးတစ်ပါးရှိတယ်။ ဧကရာဇ်ဂျွန်က အဆိပ်ပြင်းရင် ဘုရင်ငယ်လေးက ဖြေဆေးတစ်ခုပဲ။ #1 - jikook (20 July,2024) Started - 17May, 2024