အပိုင်း ၅

4.4K 573 225
                                    

"ဖြောင်း!"

ဧကရာဇ်ဂျွန်၏ မျက်နှာမှာ လည်ထွက်သွား၏။ ပြင်းထန်လှသော ရိုက်ချက်သည် ဘုရင်ငယ်လေးဆီမှ ဖြစ်၏။ ဘုရင်ငယ်လေးသည် ရိုက်လိုက်သူဖြစ်စေကာမူ ရှိုက်ကြီးတငင်ငိုတော့သည်။ တသိမ့်သိမ့်ရှိုက်ငိုနေသူကိုကြည့်ရင်း ဧကရာဇ်ဂျွန်ဟာ ဒေါသထွက်ရမလိုလို မထွက်ရမလိုလို။

"လုပ်ရက်လိုက်တာ ဧကရာဇ်ဂျွန်ရယ်! ငါ့...ငါ့ကို မလိုချင်ရင် စွန့်ပစ်လို့ရပါတယ်။ တခြားသူကိုတော့ ထိုးမပေးပါနဲ့လား..."

ဘုရင်ငယ်လေးရဲ့ မျက်နှာသည် အုံ့မှိုင်းနေသော ကောင်းကင်ကြီးနှင့် တူလှသည်။ မျက်ရည်တွေကမူ မိုးလေနှင့်ပါလာသော မိုးရေစက်တွေကဲ့သို့။ ကမ္ဘာပြိုတယ်ဆိုတာ စကားတစ်ခွန်းတည်းနဲ့တင်လုံလောက်ခဲ့တယ်။

"မင်းမို့လို့ လုပ်ရက်တယ်! မင်းမို့လို့...မင်းမို့လို့....."

ဘုရင်ငယ်လေးသည် ဧကရာဇ်ဂျွန်အား ပြင်းထန်စွာထုရိုက်ရင်း ငိုယိုပါ၏။ ဧကရာဇ်ဂျွန်ကို ထုရိုက်၍ ဝတော့ မိမိ၏ ရင်ဘတ်အား ပြန်ထုရိုက်သည်။ ခြေထောက်တို့သည်လည်း ယိုင်နဲ့ကာ ကြမ်းပြင်ပေါ် ခွေလဲကျကုန်၏။

ဘုရင်ငယ်၏ မျက်ရည်တို့က ရွှေရောင်ကြမ်းခင်းပေါ် ပိုးပိုးပေါက်ပေါက်။ ဒီလို အလုပ်ခံရလိမ့်မယ်လို့ တစ်ခါမှ သူ မထင်ခဲ့ဖူးပါ။ ကိုယ့်အိုမီဂါကို အခြားနိုင်ငံကို ပေးလိုက်ရတဲ့အထိ ဧကရာဇ်ဂျွန်က လုပ်နိုင်သတဲ့လား။ သိပ်အသဲမာလွန်းတယ် ဧကရာဇ်ဂျွန်ရယ်! သိပ်ရက်စက်လွန်းတယ်။

"ကိုကို...ကိုကို ကျွန်တော့်ကို မချစ်ရင် ထွက်သွားခိုင်းလို့ရတယ်။ စွန့်ပစ်လိုက်လို့ရတယ်။ ဘာလို့ သူများဆီ ထိုးကျွေးပစ်ရက်ရတာလဲ!!"

ဘုရင်ငယ်လေးသည် ကြမ်းပြင်ကို အားဖြင့် ရိုက်ရင်း သူ၏ နာကျင်မှုတို့အား ဖြေဖျောက်နေရ၏။ ဧကရာဇ်ဂျွန်က သူ့အနားရောက်လာပြီး သူ့ကို လက်မောင်းမှ ဆွဲထူကာ ထရပ်စေသည်။

"အဲ့လောက်တောင်...အဲ့လောက်တောင် တန်ဖိုးမရှိတော့ဘူးလား...ကိုကို...ငါ့ကို မလိုချင်ရင် ထွက်သွားခိုင်းလိုက်လို့ရပါတယ်"

THE ANTIVENOM OF VENOMOUS MONARCHY Where stories live. Discover now