"Knotလုပ်ကြတာပေါ့"
"K...k....kno..knot!"
သူ့ တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညှင်းများ တဖြန်းဖြန်းထသွားရ၏။ Knotတဲ့လား၊ Knotဆိုတာမျိုးက အမှတ်အသားပြုတာထက်ကို နက်နဲလွန်းတဲ့အရာ။ အယ်လ်ဖာက တစ်သက်လုံး သူ့အပိုင်ဖြစ်ရန် သော့ခတ်လိုက်တဲ့သဘော။ အယ်လ်ဖာက သူ့ကို ချည်နှောင်ချင်နေတာလား၊ ချုပ်ကိုင်ချင်နေတာလား၊ ဒါမှမဟုတ် knot လုပ်ပြီး သူ့ကို ထပ်နှိပ်စက်ချင်နေတာလား။
လက်ညှိုးထိပ်လေးကို ကိုက်ကာ အလေးအနက်တွေးတောနေပုံရသည့် အိုမီဂါလေးကို ကြည့်ရင်း ဧကရာဇ်ဂျွန်က ခပ်ပြေပြေလေး ပြုံးလိုက်သည်။
"သဘောမတူချင်လည်းရတယ်၊ မင်းသဘောပဲ"
"Knot လုပ်တာ နာတယ်လို့ ကြားဖူးတယ်"
"မင်းအချိန်ယူချင်လည်း ရတယ်"
ဧကရာဇ်ဂျွန်သည် ကုတင်ပေါ်က ဆင်းသွားပြီး သူ၏ အင်္ကျီတို့ကို ပြန်ဝတ်ဆင်လိုက်သည်။ လိုချင်တာ မရသဖြင့် သူ့မျက်နှာက ဆူပုပ်ပုပ်ဖြစ်နေ၏။ အိပ်ရာပေါ် ကိုယ်တုံးလုံးလေး ကျန်ခဲ့သော အိုမီဂါလေးမှာ တားရင်ကောင်းမလား မတားရင်ကောင်းမလား စဉ်းစားနေရင်း တိုင်ပတ်နေရှာသည်။
တကယ်က ဧကရာဇ်ဂျွန်ကို သူလိုက်လျောချင်ပေမယ့် ကြောက်နေတာ။ ဧကရာဇ်ဂျွန်ရဲ့ rutရောက်ရင် ဘယ်လောက်ထိ ကြောက်ဖို့ကောင်းတယ်ဆိုတာ သူအသိဆုံး။ အသိစိတ်မရှိတော့ ရိုက်ပြော၍လည်းမရ၊ ငိုပြော၍လည်းမရ။ မျက်ရည်တတောက်တောက်ကျအောင်ထိကို ဖြစ်ဖူးပါသည်။
Knotလုပ်ရင်းနဲ့ အယ်လ်ဖာက အချိန်မရွေး rutဝင်သွားနိုင်သည်ဟု သူသိရှိခဲ့ဖူးသည်။ ကြမ်းတမ်းတဲ့ပုံစံကို သူ သဘောမကျပါ။ အတူနေတာက နှစ်ဦးနှစ်ဖက်လုံး ပျော်ရွှင်ပြီး သာယာနေတာက ပိုကောင်းမွန်တယ်ဟု သူခံယူသည်။ ဧကရာဇ်ဂျွန်က သူ့အပေါ် ကြမ်းတမ်းတာမျိုးမရှိပေမယ့်လို့ rut ဝင်တဲ့အခါမှာတော့ စိတ်ထိန်းမရတော့ဘဲ ကြမ်းတမ်းမိတာမျိုးရှိသည်။ ဒါဟာ ဧကရာဇ်ဂျွန်ရဲ့ အမှားတော့မဟုတ်၊ rut အယ်လ်ဖာတိုင်းနီးပါးက ဖြစ်တတ်တဲ့ အခြေအနေ။
Knot ဖို့ကြတော့ ကြောက်လည်း ကြောက်နေမိတဲ့အပြင် အဆင်သင့်လည်း မဖြစ်သေးပါ။ မျက်နှာမသာယာတော့သည့် ဧကရာဇ်ဂျွန်ကို ကြည့်ရင်းနဲ့လည်း သူစိတ်မကောင်း ဖြစ်မိသည်။ သူလည်း တကယ် လိုက်လျောချင်ပေမယ့်....။
![](https://img.wattpad.com/cover/369186852-288-k966751.jpg)
YOU ARE READING
THE ANTIVENOM OF VENOMOUS MONARCHY
Hayran Kurguဧကရာဇ်ဂျွန်မှာ ဘုရင်ငယ်လေးတစ်ပါးရှိတယ်။ ဧကရာဇ်ဂျွန်က အဆိပ်ပြင်းရင် ဘုရင်ငယ်လေးက ဖြေဆေးတစ်ခုပဲ။ #1 - jikook (20 July,2024) Started - 17May, 2024