အပိုင်း ၂၀

5.7K 643 187
                                    

အရုပ်ဓားလေးကို ကိုင်ထားတဲ့ လေးနှစ်သားလေးဟာ တခစ်ခစ်ရယ်လျက် သူ၏ ဖခင်နှင့်အတူ ဓားရေးလေ့ကျင့်ဟန်ဖြင့် ဆော့ကစားနေလေတယ်။

"ဟိုက်ရား..."

"ဟိုက်ရိုး.."

သူ၏ ဖခင်ဟာလည်း ရယ်ပြုံးလျက် အရုပ် ဓားသေးသေးလေးကို ကိုင်ရင်း လေးနှစ်သားလေး၏ ဗိုက်နှင့် လက်တို့အား အသာလေးတို့ထိကာ တိုက်ခိုက်ဟန်ဖြင့် စနောက်နေသည်။

"ခစ်ခစ် ခစ်ခစ်"

"အိုက်ယိုး...အမလေး ထိသွားပြီ"

လေးနှစ်သားလေးက ဖခင်၏ ဗိုက်ကို ဓားထိပ်လေးနှင့် ထိလိုက်သည့်အခါ ဖခင်က နာကျင်ဟန်ဆောင်ကာ လှဲချလိုက်၏။ အနိုင်ရသွားသည့် ကလေးလေးက ဓားလေးကို မြောက်ရင်း ခုန်စွခုန်စွဖြင့် ယုန်သွားလေးပေါ်သည်အထိ ရယ်နေခဲ့သည်။

"သား နိုင်ပြီ! သားနိုင်ပြီ"

"ငါတို့သားက အရမ်းတော်ပါလားကွ! ဟားဟား...ကြီးလာရင် ဘက်စုံတော်မယ့် အယ်လ်ဖာကြီးဖြစ်လာတော့မယ်ထင်ပါ့"

လေးနှစ်သားလေးကို ပွေ့ချီလိုက်သည့် သူ့ဖခင်ဟာ ဂုဏ်ယူဝံ့ကြွားစွာဖြင့်။ တစ်ခုရှိသည်က လေးနှစ်သားလေးရဲ့ ဖခင် မျက်နှာဟာ သဲသဲကွဲကွဲမမြင်ရပေ။

"သားအဖတွေ ဆော့နေကြတာလား"

မိခင်ဖြစ်သူဟာ ခပ်ပြေပြေလေးပြုံးရင်း ၃လသား ကလေးလေးကို ချီလျက် အနားကိုရောက်လာသည်။

"မယ်တော် ညီ‌မလေး! ညီမလေး!"

လေးနှစ်သားလေးဟာ မယ်တော့်လက်ထဲက ညီမလေးကို ကြည့်ရင်း ပြုံးပျော်နေခဲ့တယ်။ သို့ပေမယ့် သူ့မယ်တော်ရဲ့ မျက်နှာကို သဲသဲကွဲကွဲ မမြင်ရသလို ညီ‌မလေး၏ မျက်နှာကိုလည်း ဝေဝေဝါးဝါးသာ မြင်နေရတယ်။

"ကြည့်ပါအုံး၊ ညီမလေးက သူ့ကိုကိုကိုကြည့်ပြီး ပြုံးနေတာ..."

"သားကြီးလာရင် ညီမလေးကို ကာကွယ်ပေးမှာ..."

"ဒါပေါ့ကွ၊ သားက ကြီးလာရင် သန်မာတဲ့လူတစ်ယောက်ဖြစ်လာမှာ"

"မယ်တော်၊ ညီမလေးက ဘာလို့ စကားမပြောတာလဲဟင်"

"သားညီမလေးက စကားမပြောတတ်သေးဘူးလေ၊ သူက ငယ်သေးတယ်ကွဲ့"

THE ANTIVENOM OF VENOMOUS MONARCHY Where stories live. Discover now