(ကိုယ်ဒီမှာ ပြောစရာလေး တစ်ခုရှိလို့ပါ။ ကိုယ်က ဒီficကို ရေးတဲ့သူဖြစ်တာကြောင့် ဇာတ်ကောင်နှစ်ကောင်လုံးဘက်က ခံစားပြီးရေးရတာပါ။
ဧကရာဇ်ဂျွန်ဘက်က နည်းနည်းလေးက ကာပြောပေးချင်တာပါ။ တစ်ချို့ကြ ဧကရာဇ်ဂျွန်ကို အထင်လွှဲနေတာလေးတွေ ရှိတယ်။ တစ်ချို့ကြ ဝင်မခံစားကြည့်တဲ့သူရှိတယ် (ဒါက ဧကရာဇ်ဂျွန်ရဲ့ pov တွေကို ကိုယ် ထည့်မရေးရလို့သေးလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်)
အခုပြောမှာတွေက ဧကရာဇ်ဂျွန်ရဲ့လုပ်ရပ်မှားတယ်မှန်တယ်ဆိုတာ ထက် သူ့ဘက်ကနေကြည့်တဲ့ ရှုထောင့်ကိုပြောပြသွားမှာပါ။
ဧကရာဇ်ဂျွန်ရဲ့မိဘတွေက ဘုရင်ငယ်လေးရဲ့အဖေသတ်လို့ သေခဲ့ရတာပါ။ မိဘတွေတင်မဟုတ်ဘူး ဆွေမျိုးအတော်များများပေါ့။ လူတိုင်း ကိုယ်မိသားစုကိုချစ်ကြတာပဲ မဟုတ်လား။ ဧကရာဇ်ဂျွန်က တစ်ကောင်ကြွက်အဖြစ်ကြီးပြင်ခဲ့ရပြီး ဘုရင်ငယ်လေးနဲ့ဆို မိုးနဲ့မြေပုံစံမျိုးကြီးပြင်းလာရသူပါ။
အခုရေးပြီးအပိုင်းထိ ဧကရာဇ်ဂျွန်ရဲ့ အခြေအနေကို ပြောရမယ်ဆိုရင် သူ ဘုရင်ငယ်လေးအပေါ်ကို မကောင်းဖို့ကြိုးစားနေတာကို မြင်ရပါလိမ့်မယ်။ သူမုန်းဖို့ကြိုးစားတယ်။ သူ ငြီးငွေ့ဖို့ကြိုးစားတာကို မြင်ရပါ့လိမ့်မယ်။ ကိုယ့်မိသားစုကို သတ်သွားတဲ့ လူတစ်ယောက်ရဲ့သားကို စိတ်လွတ်ကိုယ်လွတ်သဘောကျဖို့ဆိုတာ မလွယ်ပါဘူး။
အဲ့ဒါကို လက်တွေ့ကျကျ စဉ်းစားကြည့်ရင် သိနိုင်ပါသည်။ ကိုယ်သာဆိုလည်း မုန်းမိမှာပဲလေနော်။
ဒါပေမယ့် ဧကရာဇ်ဂျွန်က မမုန်းနိုင်ဖြစ်နေတာကို တွေ့ရမှာပါ။ ဒီအခြေအနေက ဧကရာဇ်ဂျွန်အတွက်လည်း အတော်လေး နာကျင်ရမယ်လို့ ထင်ပါတယ်။ ပြောရရင် နန်းကျဧကရာဇ်က သူ့ရန်သူဖြစ်နေတာဆိုတော့ ဘုရင်ငယ်လေးက ရန်သူ့သားဖြစ်နေတာပေါ့။
ကိုယ်ရေးလာတဲ့တစ်လျှောက်က ဘုရင်ငယ်လေးရဲ့ povကိုအသားပေးလာတာမလို့ တစ်ချို့ကြ ဧကရာဇ်ဂျွန်ဘက်ကို မတွေးမိကြဘူး။ ဒါ့ကြောင့် ကိုယ်က ပြောပြပေးတာပါ။
![](https://img.wattpad.com/cover/369186852-288-k966751.jpg)
YOU ARE READING
THE ANTIVENOM OF VENOMOUS MONARCHY
Fanfictionဧကရာဇ်ဂျွန်မှာ ဘုရင်ငယ်လေးတစ်ပါးရှိတယ်။ ဧကရာဇ်ဂျွန်က အဆိပ်ပြင်းရင် ဘုရင်ငယ်လေးက ဖြေဆေးတစ်ခုပဲ။ #1 - jikook (20 July,2024) Started - 17May, 2024