"ကိုကိုရေးးးး"
"ဘာတုန်းကွာ"
"ကိုကို မအော်နဲ့!"
"မအော်ဘူး မအော်ဘူး"
"ဟိဟိ ကိုကိုက သေးသေးလေး"
အိပ်ရာထဲရှိ ဖက်လုံးကို ဖက်ပြီး ကိုကိုကသေးသေးလေး လုပ်နေသော သကောင့်သားလေးအားကြည့်ရင်း ဧကရာဇ်ဂျွန် ခေါင်းခြောက်နေတော့သည်။ ဂျွန်ဂျီမင်ရဲ့ အကျင့်အရ မူးပြီဆို တော်တော်နဲ့ မအိပ်ဘဲ ဘေးနားမှာရှိတဲ့လူကို တစ်ညလုံး ရစ်တတ်သည်။ ဂျွန်ဂျီမင် မူးပြီဆို သေချာတယ် သူ့ဘေးနားမှာရှိတဲ့လူက အိပ်ရေးပျက်ပြီ။
"ကိုကိုက ဘာလို့ သေးသွားတာလဲ"
"အဲ့တာ မင်းကိုကိုလား ဖက်လုံးလား"
"ကိုကိုပေါ့"
"အရက်မူးရင် ယောင်္ကျားလည်းမေ့ လင်လည်းမေ့၊ မြင်သမျှ ငါလို့ ထင်နေတာပဲလား"
"ကိုကို ငြိုငြင်နဲ့"
"ငြိုငြင်တယ်"
"အေးနော် ကိုကို ငါ့ကို ငြိုငြင်ရင် ဟိုဟာတိုမှာနော်...."
"တိုပါစေ"
"ခုတောင် တိုနေပြီလား မသိဘူး"
မူးမူးနှင့် ဖက်လုံး၏ အောက်ပိုင်းကို လက်ဖြင့်စမ်းကာ ကိုင်ကြည့်ပြီးနောက် သူအလန့်တကြား ထထိုင်ကာ အော်၏။
"ကိုကို့မှာ ဟိုဟာမရှိတော့ဘူး!!"
အဝတ်လဲနေသည့် ဧကရာဇ်ဂျွန်မှာ ခေါင်းတခါခါဖြင့် ပြန်ဖြေလိုက်၏။
"ဟုတ်တယ် မရှိတော့ဘူး၊ ဖြုတ်ရောင်းလိုက်ပြီ"
"ဟင်! ဘာလို့ရောင်းလိုက်တာလဲ"
"အရက်သောက်စရာမရှိလို့"
"အဲ့ဆို ဘယ်လိုလုပ်မလဲ၊ ကိုကို နာနေမှာပေါ့။ အုံဖွလုပ်ပေးရမလား"
"မလိုဘူး၊ ငြိမ်ငြိမ်ထိုင်နေ။ မထိုင်နေရင် မင်းဟာပါ ဖြုတ်ရောင်းလိုက်မှာ"
ခြိမ်းခြောက်ခံလိုက်ရသည့်အခါ အိပ်ရာပေါ်ငြိမ်ငြိမ်လေးထိုင်ပြီး သူ့ဂွကြားကို လက်လေးဖြင့် အုပ်ထားသည်။
"ရောင်းနဲ့!"
"စကားနားမထောင်ရင် ရောင်းမှာ"
![](https://img.wattpad.com/cover/369186852-288-k966751.jpg)
YOU ARE READING
THE ANTIVENOM OF VENOMOUS MONARCHY
Fiksi Penggemarဧကရာဇ်ဂျွန်မှာ ဘုရင်ငယ်လေးတစ်ပါးရှိတယ်။ ဧကရာဇ်ဂျွန်က အဆိပ်ပြင်းရင် ဘုရင်ငယ်လေးက ဖြေဆေးတစ်ခုပဲ။ #1 - jikook (20 July,2024) Started - 17May, 2024