အပိုင်း ၁၆

4.4K 670 251
                                    

တိတ်ဆိတ်သော နေလေးတစ်နေ့ဖြစ်သည်။ နန်းတော်တစ်ခုလုံး တိတ်ဆိတ်နေကြသော်လည်း မတိတ်ဆိတ်သော နေရာလေးကမူ အနောက်ဘက်ပန်းခြံတွင် ဖြစ်၏။

"ခူးရအောင်ပါဆို"

"ကျွန်တော် အမြင့်ကြောက်တယ်"

"ငါတက်မယ်"

"အမြင့်ကြီးလေ၊ ပြန်မဆင်းတတ်ဘဲ နေမယ်"

ဂျီမင်က တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသော်လည်း ဟိုဆော့ကမူ တက်ကြွနေ၏။ အကြောင်းအရင်းက သရက်ခူးမလို့သာ။ လွယ်လင့်တကူ ဝယ်စား၍ရသော်လည်း ကိုယ်တိုင်ကိုယ်ကြ ခူးစားချင်သည့် ဟိုဆော့ကြောင့် ဂျီမင် ခေါင်းခြောက်နေရသည်။ သရက်ပင်ကလည်း အလွန်မြင့်၏။ မတော်တဆ ပြုတ်များကျလျှင် ကျိုးအုံးမည်။

"အေးဆေး!"

အေးဆေးဟုဆိုကာ သစ်ပင်ပေါ် အားအင်ဖြင့်တက်သွားသော ဟိုဆော့ကို ကြည့်ရင်း ဂျီမင် အသည်းတယားယား။ မျောက်များဝင်စားသလား ထင်ရတယ်...။

"ဘယ်နှလုံးစားမလား"

"၅လုံး"

"ပစ်ချလိုက်မယ် ဖမ်းလိုက်"

ဟိုဆော့သည် သရက်သီးတို့အား ခူး၍ အောက်ကို ပစ်ချလေလျှင် ဂျီမင် လိုက်ဖမ်းရသည်။ သူတို့ဟာနဲ့ သူတို့တော့ ဟုတ်နေတာပဲ..။

"ရပြီ၊ ပြန်ဆင်းခဲ့တော့..."

သရက်သီးတွေကို ရင်မှာပိုက်ကာ ပျော်နေသူတစ်ဦးနှင့် ပြန်ဆင်းချိန်မှာ မပျော်နိုင်သူ တစ်ဦးလည်း ရှိ၏။

"အင်းးးးးး"

ပြန်ဆင်းရန် ငုံ့ကြည့်လိုက်ချိန်တွင် ဟိုဆော့မူးဝေသွားသည်။ ဘုရားရေ...အတော်မြင့်လွန်းနေတာ မဟုတ်လား။ ဘယ်လောက်ထိ မြင့်သလဲဆို ဂျီမင့်ကိုတောင် လက်တစ်ဝါးစာပဲ မြင်ရသည်အထိ။ ဒါကဘာလဲ! သူတက်လာတုန်းက နိမ့်နိမ့်လေးလေ၊ ဆင်းမှ ဘာလို့ မြင့်သွားတာလဲ!!

"ဆင်းခဲ့လေ..."

"အ....အင်း"

အင်းဟုသာ ပြောတာ ပြန်ဆင်းရန် လှမ်းနေသည့် ခြေထောက်တွေက တုန်ချိတုန်ချိဖြစ်နေသည်။ အောက်ကိုကြည့်ရင်း ပိုပြီးမူးလာကာ ရင်ထဲတလှပ်လှပ်ဖြစ်လာရသည်။ သူ့နှုတ်ခမ်းလေး တဖြည်းဖြည်းမဲ့လာကာ  ငိုသံကြီးဖြင့်...

THE ANTIVENOM OF VENOMOUS MONARCHY Where stories live. Discover now