အပိုင်း ၁၉

4.2K 637 247
                                    

မင်းသားလေးဟိုဆော့၏ စေ့စပ်မင်္ဂလာကျင်းပမည့် နေ့ဖြစ်သည်။

နန်းတော်တစ်ခုလုံး စေ့စပ်ပွဲကြောင့် ရှုပ်ရှက်ခတ်နေကြပြီး အခမ်းအနားကို ပြင်ဆင်လျက်ရှိသည်။ အိုမီဂါသတို့သားလေးသည်လည်း အခန်းအတွင်း အလှဆုံးပြင်ဆင်ချယ်သလျက် ရင်တခုန်ခုန်ဖြစ်နေရှာသည်။

"ဘာတွေ အဲ့လောက်စိတ်လှုပ်ရှားနေတာလဲ"

အာလူးကြော်ကို တကြွပ်ကြွပ်ဝါးနေလျက် စိတ်အေးလက်အေးဖြင့်ပြောသော ဂျီမင့်ကိုကြည့်ရင်း ဟိုဆော့ မျက်စောင်းထိုးလိုက်သည်။ သင်းရဲ့ စေ့စပ်ပွဲမှမဟုတ်တာ သင်းက ဘယ် စိတ်လှုပ်ရှားမလဲ။

"စေ့စပ်တယ်ဆိုတာ အိမ်ထောင်ပြုခြင်းရဲ့ အစလေ...မင်းက လက်ထပ်ပြီးပြီပဲ။ စိတ်လှုပ်ရှားတော့မလား"

"အစ်ကို ကျွန်တော်ပြောပြမယ်၊ အိမ်ထောင်ပြုတာက ဘာမှမဟုတ်ဘူး။ ရွှေမင်းသားဘဝကနေ အခိုင်းအစေအဖြစ် ပြောင်းသွားရုံပဲ"

ဘာမှမဟုတ်ဘူးဆိုလို့ စိတ်သက်သာမလို့ရှိသေးကာမှ နောက်ဆက်တွဲစကားကြောင့် ဟိုဆော့ ရင်တောင်စို့သွားသည်။

"စိတ်လှုပ်ရှားမနေနဲ့၊ နောက်ကျ အိမ်ထောင်ပြုပြီးရင် ငါအိမ်ထောင်မပြုခဲ့သင့်ပါလားလို့ နောင်တရနေလိမ့်မယ်"

"အဲ့တာ လက်ထပ်တော့မယ့်လူကို ပြောရမယ့်စကားလားကွ!!"

"အကောင်းနဲ့ ပြောပြတာကို"

ပေစောင်းစောင်းနဲ့ ပါးနှစ်ဖက်ဖောင်းသည်အထိ မုန့်တွေတမြုံမြုံဝါးစားနေတဲ့ ဂျီမင့်ကို ဟိုဆော့ အသဲယားလာသည်။ ထို့နောက် ပါးနှစ်ဖက်ကို ဆွဲညစ်ပစ်သည်။

"အားး! နာတယ်၊ သူများယောင်္ကျားအပိုင် ပါးလေးကို နာအောင်လာလုပ်နေတယ်"

"အမလေး၊ ငါ့ကိုသာ အိမ်ထောင်ပြုတာ နောင်တရမယ်လို့ပြောတာ မင်းကြ ပျော်ပျော်ကြီးနော်"

"အဲ့ဒါ နောင်တမရတာမဟုတ်ဘူး ကျွန်တော်က အရည်ထူနေပြီလေ၊ ခေါင်းပေါ်ကြည့်ပါလား ဂျို‌ထွက်နေပြီ။ အဲ့တော့ နောင်တရရကောင်းမှန်းမသိတာ၊ နောင်တက ခဏခဏရတယ်။ ဒါပေမယ့် မပြတ်နိုင်ဘူးလေ၊ ချစ်နေတော့"

THE ANTIVENOM OF VENOMOUS MONARCHY Where stories live. Discover now