ဧကရာဇ်ဂျွန်သည် ဘောပင်ဖင်လေးကို နှိပ်ကာ အိပ်ရာဘေးရှိ ပန်းအိုးထဲတွင်စိုက်လိုက်သည်။
"နေကောင်းပါရဲ့လား"
မျက်နှာတစ်ခုလုံး ဖြူဖျော့၍ အသက်မျှင်းမျှင်းလေးသာ ရှူ နေသော ဧကရာဇ်ဟောင်းသည် ဧကရာဇ်ဂျွန်ကို တွေ့သည့်အခါ မှိုင်တွေသွားသည်။
"ပန်းအိုးထဲမှာစိုက်ထားတဲ့ ဘောပင်က လျှို့ဝှက်ကင်မရာပါ။ တစ်ခုခုပြောချင်တာရှိရင် ဒါမှမဟုတ် လျှို့ဝှက်ချန်ထားချင်တာရှိရင် ဘောပင်ဖင်ကို တစ်ချက်နှိပ်လိုက်ပါ။ ပိတ်တာကတော့ နှစ်ချက်နှိပ်လိုက်ရင်ရပါတယ်"
ဧကရာဇ်ဂျွန်၏ စကားတွေကို ဧကရာဇ်ဟောင်းကြားသော် အိပ်ရာပေါ် လှဲနေရာမှ အားယူကာ တုန်ချိစွာဖြင့် ထထိုင်ကာ ကုတင်ခေါင်းရင်းကို မှီလိုက်သည်။ အနည်းငယ်လေး လှုပ်ရှားလိုက်သော်လည်း သူမောဟိုက်နေ၍ စကား ချက်ချင်းမပြောနိုင်ပေ။
"သ မက် ဂျွန်...."
အားယူကာ ခေါ်လိုက်သော နာမည်အဆုံးတွင် ဧကရာဇ်ဂျွန်သည် ကုတင်ဘေးရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
"ငါ ကြာကြာ...မနေ...ရ...တော့ဘူးဆိုတာ သိတယ်မလား..."
ဧကရာဇ်ဂျွန် က ဘာမှပြန်မဖြေပေ။ ဧကရာဇ်ဂျွန်၏ မျက်နှာဟာ တည်ငြိမ်နေပြီး အမူအရာမဲ့လျက်။
"အကယ်၍ ငါ သေသွားခဲ့ရင်...ဂျီမင့်ကို....သေချာ...စောင့်ရှောက်ပေးပါ သမက်ဂျွန်..."
"...."
ဧကရာဇ်ဂျွန်က ဘာမှ ပြန်မဖြေပေ။
"ဖြစ်ခဲ့သမျှ အရာအားလုံးကို တောင်းပန်ပါတယ် သမက်ဂျွန်...ငါကိုယ်တော်လည်း နောင်တကြီးစွာနဲ့ အသက်ရှင်သန်နေခဲ့ရတာပါ။ တမလွန်မှာ ငါကိုယ်တော် မင်းမိဘတွေ ဦးတိုက်တောင်းပန်မှာမလို့ ငါ့အပေါ်ထားတဲ့အမုန်းတွေကို ဂျီမင့်အပေါ်ကို မထားပါနဲ့ တောင်းဆိုပါရစေ။ ငါဟာ ဧကရာဇ်နေရာရောက်နေခဲ့ပေမယ့် တစ်ရက်ကလေးမှ စိတ်မချမ်းသာခဲ့ရပါဘူး။ အဲ့ဒီကိစ္စတွေက ငါ့ကို ရှင်လျက်နဲ့ ငရဲကျနေသလို နာကျင်ခံစားရစေပြီး အပူတွေနဲ့ ရှေ့ဆက်ခဲ့ရပါတယ်။ ငါဟာ အမှားကြီးမှားခဲ့ပြီး အသက်တောင် ဆက်မရှင်သင့်တဲ့လူပါ။ မင်းအပေါ်လည်း ငါအားနာမိပြီး သေလောက်တဲ့ အပြစ်ကို ကျူးလွန်ခဲ့မိတာပါ။ ငါကိုယ်တော် တမလွန်မှာလည်း အေးအေးချမ်းချမ်းမနေဘဲ အပြစ်တွေခံယူမှာမလို့ မင်းရဲ့ အညှိုးတွေ ဖြေဖျောက်ပေးပါ"
YOU ARE READING
THE ANTIVENOM OF VENOMOUS MONARCHY
Fanfictionဧကရာဇ်ဂျွန်မှာ ဘုရင်ငယ်လေးတစ်ပါးရှိတယ်။ ဧကရာဇ်ဂျွန်က အဆိပ်ပြင်းရင် ဘုရင်ငယ်လေးက ဖြေဆေးတစ်ခုပဲ။ #1 - jikook (20 July,2024) Started - 17May, 2024