Chapter - 15 [ ရစ်ငှက်တစ်ကောင်နဲ့ ယုန်တစ်ကောင် ]

709 82 0
                                    

Chapter - 15 [ ရစ်ငှက်တစ်ကောင်နဲ့ ယုန်တစ်ကောင် ]

#unicode

တစ်ချိန်တည်းမှာပဲ ထန်ကျင်းဟုန်သည် ချူကျင်းဇီဘေးသို့ရောက်ရှိလာခဲ့သည်။ သူက ကျောင်းချင်ကျုံးရဲ့လက်ကောက်ဝတ်ကို အနောက်ကနေဆွဲကိုင်လိုက်ပြီး အားသုံးကာ ချိုးပစ်လိုက်သည်။  သစ်သားတုတ်သည်လည်း မြေပြင်ပေါ်သို့ပြုတ်ကျသွားခဲ့သည်။

"ယောကျာ်းတစ်ယောက်အနေနဲ့ မင်းကသည်းခံစိတ်မရှိဘူး၊ ခင်ပွန်းတစ်ယောက်အနေနဲ့ မင်းကတာဝန်ယူလိုစိတ်မရှိဘူး၊ သားတစ်ယောက်အနေနဲ့လည်း မင်းကဝတ္တရားမကျေပွန်ပြန်ဘူး၊ ကျောင်းချင်ကျုံး....မင်းကိုယ့်ဘာသာပြန်သုံးသပ်သင့်ပြီ"

ချူကျင်းဇီက ထန်ကျင်းဟုန်ကို အံ့အားသင့်စွာကြည့်မိလိုက်သည်။ ဒီလူက တစ်ကယ်ပဲဘယ်သူလဲ။ သူမအနေနဲ့ သူဟာကြီးကြီးမားမား အရေးပါတဲ့သူတစ်ယောက်လို့ခံစားနေရတယ်။

ကျောင်းချင်ကျုံးသည် ထန်ကျင်းဟုန်ရဲ့လက်ကိုခါချလိုက်ပြီး လူတိုင်းကိုကြည့်ကာပြောလိုက်သည်။ ထို့နောက်အံကြိတ်လိုက်ပြီး စိတ်မသာမယာနှင့်ပြောလိုက်သည် "ကျုပ်ကွာရှင်းဖို့သဘောတူတယ်"

ရွာသူကြီးက ကွာရှင်းစာချုပ်ကိုရေးပေးလိုက်သည်။ နှစ်ဦးနှစ်ဖက်လုံးက လက်ဗွေနှိပ်လိုက်ပြီး ပုံတူစာချုပ်တစ်စုံစီရရှိခဲ့ကြသည်။

ဖူဟိုင်ရန်က ပစ္စည်းတွေကိုသိမ်းဆည်းလိုက်ပြီးနောက် သူမရဲ့မိသားစုထံသို့ပြန်သွားခဲ့သည်။ အနာဂါတ်မှာ သူမက ချူရွာကို ဘယ်တော့မှာပြန်လာမှာမဟုတ်တော့ဘူး။ ဒီနေရာကသူမအတွက် အိမ်မက်ဆိုးတစ်ခုပါပဲ။

ထိုကိစ္စအပြီးမှာတော့  တစ်ဦးတစ်ယောက်ကမှ ကျောင်းမိသားစုကို အာရုံစိုက်ခြင်း မရှိကြတော့ပါချေ။ သူတို့က ချူကျင်းဇီကိုဝန်းရံလိုက်ပြီး သူတို့တွင် ငုပ်လျှိုးနေတဲ့ရောဂါများရှိသလားဆိုတာ ဝိုင်းမေးမြန်းနေခဲ့ကြသည်။

ကျောင်းမိသားစုသုံးယောက်ဟာ အိမ်ထဲသို့မဝင်ခင် ချူကျင်းဇီကို နာကျည်းစွာကြည့်လိုက်ကြပြီး တံခါးကို ဘန်းကနဲမြည်အောင်ပိတ်လိုက်သည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now