Chapter - 61 [ ဟွမ်ကျင်း ]

1.2K 111 1
                                    

Chapter - 61 [ ဟွမ်ကျင်း ]

စွန့်ပစ်မြေအရပ်၌ ဘန်ဂလိုတည်ဆောက်ရန် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ သူတို့က မနက်ဖြန်အခါတွင် မြေတူးရန်စောင့်ဆိုင်းနေကြခြင်းဖြစ်ပေသည်။

အန်းရှန်ဝူနှင့် နီဟွေ့ရန်တို့က သစ်ပင်များကို ခုတ်လှဲပစ်ရန် ရွာသားများအား ဦးဆောင်နေကြလေတယ်။  အိမ်တစ်လုံးဆောက်ရန်မှာ သစ်သားများစွာ လိုအပ်ပါသည်။

ချူလန်ကျန်းရောက်ရှိလာသောအခါ ချူကျင်းဇီ၏ အရပ်ရှည်ရှည် ပိန်ပါးသောပုံရိပ်လေးထံ အကြည့်ရောက်ရှိသွားသည်။

သူတို့အားလုံးသက်တူရွယ်တူတွေပဲကို  ဘာလို့ကျင်းဇီက အများကြီးပိုသန်မာနေသလဲဆိုတာ သူမ တွေးတောမနေနိုင်တော့ပါ။

"ကျင်းဇီ"

ချူကျင်းဇီသည် လက်ထဲမှဝါးများကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး သူမရဲ့လှပသောမျက်လုံးလေးများကို ဖော်ပြကာ ကြည့်လိုက်သည်။ "လန်ကျန်း ဘာဖြစ်လို့လဲ"

လန်ကျန်းက အနည်းငယ်ကြောက်ရွံ့နေပါသည်။ သူမလက်တွေက အင်္ကျီထောင့်ကို ဆုပ်ကိုင်လိုက်မိပြီး မျှော်လင့်ချက်လေးဖြင့် မေးလိုက်သည်။ "ကျင်းဇီ...ငါ့အဖေကနေမကောင်းဖြစ်နေလို့ နင်သူ့ကို ကုသပေးလို့ရမလားဟင်"

ထိုအချိန်မှသာ သူမတို့နှစ်ယောက်၏ ကွာခြားချက်ကို နားလည်လိုက်ရသည်။

ကျင်းဇီသာဆိုရင် သူမနဲ့ရင်ဆိုင်ဖို့ကို ဘယ်လိုမှကြောက်ရွံ့နေမှာမဟုတ်ဘူး။ သူမကိုယ်တိုင်ကတော့ ကျင်းဇီနဲ့ရင်ဆိုင်လိုက်ရတာနဲ့ အကြောင်းအရင်းမရှိကို ကြောက်ရွံ့နေမိသည်။

"ကောင်းပြီလေ" ကျင်းဇီက လိုလိုလားလား သဘောတူလိုက်သည်။ လူတွေကို ကုသပေးခြင်းဟာ ကုသိုလ်တရားများစုဆောင်းနိုင်ပြီး သူမကို မသေမျိုးတစ်ယောက် ဖြစ်လာရန်အတွက် အကျိုးရှိစေသည်။

ချူလန်ကျန်းသည် ဝမ်းသာအားရဖြစ်ကာ ကြောက်ရွံ့မှုလည်း လျော့နည်းသွားခဲ့သည်။

"ကျင်းဇီ အခုနင့်မှာ အချိန်ရှိရဲ့လားဟင်"

ချူကျင်းဇီက လက်ဆေးကြောသန့်စင်ရန် တစ်ဖက်သို့လျှောက်သွားလိုက်သည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now