Chapter - 47.2 [ အမှုအား ပြန်လည်ရင်ဆိုင်ခြင်း ၂ ]
#unicode
သခင်မတွေဟာ ထိုအကြောင်းအားကြားသော် တရားသူကြီးမင်း သူမတို့အားဖိတ်ခေါ်သည့်အကြောင်းအရင်းကို နားလည်သွားကြသည်။ သို့သော် အမှုကိုပြန်ဖြေရှင်းမည်ဟုပြောသောအခါ ပြန်ပြီးပဟေဠိဖြစ်သွားကြပြန်သည်။
သခင်မကျန်းသည် မကျေမနပ်ဖြစ်ကာ "တရားသူကြီးမင်းရှင့် ကျွန်မကိုရှန်းယူယွီအဆိပ်ခပ်ခဲ့တယ်ဆိုတဲ့ အချက်ကတော့ငြင်းလို့မရပါဘူး ဘာကို ပြန်စုံစမ်းနေစရာလိုသေးလို့လဲ"
တရားသူကြီးက သခင်မကျန်းကိုကြည့်လိုက်သည်။
"သခင်မကျန်း ဒေါသမထွက်ပါနဲ့ ခဏနေရင်သိရပါလိမ့်မယ်"
သူက ချူကျင်းဇီဘက်သို့ ပြန်လှည့်လိုက်ကာ "မိန်းကလေးချူ ကျန်တာကိုမင်းနဲ့လွှဲလိုက်ပြီနော်"
ချူကျင်းဇီသည် တရားသူကြီးအား အရိုအသေပေးလိုက်ပြီး ထို့နောက် သခင်မကျန်းကိုလည်း အလားတူပြုလိုက်သည်။ "ကျွန်မက ရှန်းယူယွီရဲ့သူငယ်ချင်းပါ မနေ့ညက သူ့မရဲ့စကားတွေကိုကြားပြီးတဲ့နောက်မှာ သူမဟာစွပ်စွဲခံခဲ့ရတယ်လို့ ခံစားမိခဲ့တယ် ဒါကြောင့် ပြန်ပြီးစစ်ဆေးချင်ရတာပါ"
သခင်မကျန်းသည် လယ်သူမလေးတစ်ယောက်လိုဝတ်ဆင်ထားသည့် ချုကျင်းဇီကိုကြည့်ကာ အထင်သေးသွားသည်။ သူမသည် မဖော်ရွေသော သံနေသံထားဖြင့် "ဘာကိုပြန်စစ်ဆေးချင်နေတာလဲ သူမကအဆိပ်ခပ်တဲ့သူပဲ"
"သူမ မလုပ်ခဲ့ပါဘူး" ချူကျင်းဇီကဖြေလိုက်သည်။
သခင်မကျန်းသည် သူမအားမျက်လုံးလှန်လိုက်ပြီး "သူမလုပ်ရင် ဘယ်သူလုပ်မှာလဲ မင်းကငါကိုယ့်ကိုကိုယ်အဆိပ်ခပ်လိုက်တာလို့ ပြောချင်နေတာလား"
"အသေအချာပဲ.....ရှင်ကိုယ့်ကိုကိုယ်အဆိပ်ခတ်ခဲ့တာ"ချူကျင်းဇီ မထင်မှတ်ထားစွာပြောလ်ိုက်သည်။
ထန်ကျင်းဟုန်သည် စိတ်ဝင်စားမှုကြောင့် မျက်ခုံးများ ပင့်တင်လိုက်မိသည်။
"အဓိပ္ပာယ်မရှိတာတွေ"သခင်မကျန်းက ဆူပူလိုက်သည်။
"သခင်မကျန်း ဒေါသမထွက်ပါနဲ့ ရှင်ကကိုယ့်ကိုကိုယ်အဆိပ်သင့်စေခဲ့မိပေမယ့် ကိုယ်တိုင်လည်း သတိမထားမိခဲ့ပါဘူး"
![](https://img.wattpad.com/cover/369841887-288-k410915.jpg)
CZYTASZ
လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1
FantasyI don't own this story! Alternative- 农家小福妻有法术 Status - Chapter 1025 (complete) Author- beyond the moon Genres - romance