Chapter - 57.2 [ရှားပါးသောမြင်း]

1.1K 113 0
                                    

Chapter - 57.2 [ရှားပါးသောမြင်း]

သူမမှာ ရှန်းယူယွီရှိလာကတည်းက ပိုပြီးသက်သောင့်သက်သာရှိကာ အပန်းပြေနေနိုင်စေခဲ့တာဖြစ်သည်။

ကောင်တီမြို့တွင်...

မြင်း၏အကူအညီနဲ့မလို့ ပို့ဆောင်မှုက အလွန်လျင်မြန်လေသည်။ ဖောက်သည်သုံးဦးအတွက် ကုန်ပစ္စည်းများကို နှစ်နာရီအတွင်း ပို့ဆောင်လိုက်နိုင်သည်။

ချူစန်းက သူ့ဘေးရှိအဝတ်ဆိုင်ကို ညွှန်ပြလိုက်ပြီး "အစ်ကိုကြီး ဒုတိယအစ်မက သူ့အတွက် အထည်စတွေဝယ်လာခဲ့ပေးဖို့ပြောထားတယ် ကျွန်တော် သူမအတွက်အထည်တွေသွားဝယ်လိုက်ဦးမယ်"

"ငါလည်း သကြားရောင်းတဲ့သူနဲ့ လုပ်ငန်းကိစ္စသွားဆွေးနွေးလိုက်ဦးမယ် ပြီးတာနဲ့မင်းကိုလာခေါ်လိုက်မယ်" ချူရှုဟွာရဲ့လက်မှာ ချွေးတွေထွက်နေပြီး အနည်းငယ်ကြောက်နေခဲ့သည်။

"ကောင်းပါပြီဗျ"

ချူရှုဟွာက မြင်းကို သကြားဆိုင်ဆီသို့ ဦးတည်စေလိုက်သည်။ ယခုက သူ့အတွက် ပထမဆုံးအကြိမ်အဖြစ် အလုပ်ကိစ္စဆွေးနွေးခြင်းပါ။ သူဟာ ကမောက်ကမတွေဖြစ်သွားအောင် လုပ်မိမှာကို စိုးရိမ်နေခဲ့သည်။ အစကတော့ လက်ဝါးမှာချွေးတွေထွက်နေခဲ့တာဆိုပေမယ့် အခုနဖူးမှာပါ ချွေးများထွက်လာချေပြီ။

သူကြောက်လန့်နေတုန်းမှာပဲ အနောက်ကနေအကျွမ်းတဝင်ရှိသော မိန်းကလေးသံတစ်ခု ထွက်ပေါ်လာလေသည်။ "ချူယိ..."

ချူရှုဟွာလှည့်ကြည့်လိုက်သည်။ သူ့ကိုခေါ်လိုက်တဲ့သူဟာ သူ့နှင့်စေ့စပ်ပွဲကိုဖျက်သွားခဲ့တဲ့ ဖန်ကျားယောင်ပဲဖြစ်ပါတယ်။

ဖန်ကျားယောင်က လက်ထပ်ပြီးသူတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားကာ ပို၍ရင့်ကျက်လာပုံပေါ်သည်။

သူဝိရောဓိဖြစ်နေသည်ကိုခံစားလိုက်ရပြီး သူမနဲ့စကားမပြောချင်ခဲ့ပါ။

ဖန်ကျားယောင်က မြင့်မားသောမြင်းကြီးကို အားကျစွာကြည့်လိုက်သည်။ သို့သော် သူမက ချူယိတစ်ယောက် ပို့ဆောင်ရေးသမားအဖြစ်အလုပ်လုပ်နေသည်ဟု မှတ်ယူကာ မြင်းကိုသူပိုင်ဆိုင်ကြောင်း မယုံကြည်ခဲ့ပေ။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Место, где живут истории. Откройте их для себя