Chapter - 50.2 [ မင်းအနာဂတ်မှာဘာလုပ်ချင်လဲ ]

1.4K 119 1
                                    

Chapter - 50.2 [ မင်းအနာဂတ်မှာဘာလုပ်ချင်လဲ ]

#unicode

အတော်လုပ်နိုင်စွမ်းရှိတဲ့ကောင်မလေးပဲ။  ချူကျင်းဇီက အကြံပြုချက်ကိုယူလိုက်ပြီး ဖတ်ကြည့်ရန်အလျင်လိုမနေခဲ့ပါချေ။

သူမက အားလုံးကိုခြုံကြည့်လိုက်ပြီး "အခု ကျွန်မတို့မှာပိုက်ဆံရှိပြီဆိုတော့ အဘိုး အဘွား အဖေနဲ့အမေ အိမ်အသစ်ဆောက်ဖို့ဆွေးနွေးကြရအောင် အားလုံးပဲပြောပါဦး ဘယ်လိုအိမ်မျိုးမှာနေချင်ကြလဲဆိုတာကို"

လူတိုင်းရဲ့မျက်လုံးများ တောက်ပသွားခဲ့ကြသည်။ အိမ်တစ်လုံးဆောက်မယ်လား။ သူတို့အားလုံးမျှော်လင့်တောင့်တနေတဲ့အရာသည် အမှန်ပင်ဖြစ်လာခဲ့သည်။ ထိုအရာသည် အိမ်မက်တစ်ခုလိုပါပဲ။ မဟုတ်ဘူး...အိမ်မက်ထက်တောင်ပိုပြီး လက်တွေ့မဆန်နေသေးတယ်။

တစ်ယောက်မှစကားမပြောကြတာကြောင့် ချူကျင်းဇီကလှမ်းခေါ်လိုက်သည်။ "အမေ သမီးကိုဘယ်လိုအိမ်မျိုးလိုချင်တာလဲဆိုတာပြောပါဦး အားလုံးကနားထောင်ကြလိမ့်မယ်"

လီချင်းယူသည် ဟင်းချက်အေပရွန်ထောင့်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး စိတ်လှုပ်ရှာစွာဖြင့် "ဒါဆိုရင် ကျွန်မစဉ်းစားမိတာကိုပြောမယ်နော် တစ်ကယ်လို့ မကြိုက်ရင်လည်း ပြန်ပြောင်းလို့ရတယ်"

သူတို့က ခေါင်းညိမ့်ပြလိုက်သည်။

လီချင်းယူသည် ခဏလောက်တွေးတောကာ "အမေ ရှုဟွာနဲ့ ချူစန်းတို့အတွက် အိမ်ခွဲလေးတွေဆောက်ပေးချင်တယ် သူတို့ကမကြာခင်မှာ လက်ထပ်ကြတော့မှာလေ ချူချီးနဲ့ချူကျိုးတို့ကငယ်ကြသေးတယ် သူတို့အတွက်အိမ်တွေကို နှစ်အနည်းငယ်ကြာမှဆောက်ပေးလိုက်မယ်....အိုး..ဟုတ်သားပဲ...အိမ်သုံးအိမ်ကို ဘေးချင်းကပ်ဆောက်ကြမယ်လေ"

လူတိုင်းက ထိုအကြံကိုမဆိုးဘူးလို့ထင်ကြတာကြောင့် တစ်ယောက်မှ မကန့်ကွက်ကြပေ။

"ငါတို့ရဲ့ လောလောဆယ်မြေနေရာနဲ့ အိမ်တွေအများကြီးဆောက်လို့မရဘူး" အဘိုးချူ ပြောလိုက်သည်။

"ရွာရဲ့တောင်ဘက်ပိုင်းမှာ စွန့်ပစ်မြေကြီးတစ်ခုရှိတယ် ဝယ်လိုက်ကြရအောင်"ချူရုံ ဝင်ပြောလေသည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now