Chapter - 60 [မင်ချန်လက်ဘက်ရည်]

181 31 0
                                    

Chapter - 60 [မင်ချန်လက်ဘက်ရည်]

သူတို့နှစ်ယောက်သား ပြတင်းပေါက်နားက စားပွဲမှာ ထိုင်နေကြသည်။  ပြတင်းပေါက်အပြင်ဘက်တွင် စိမ်းစိုနေသော ဝါးပင်ကြီးတစ်ပင်သည် ပူပြင်းသောနွေရာသီနေ့ကို အနည်းငယ်အေးမြစေသည်။

ချောင်ချန်းခွန်သည် ကိုယ်တိုင်လက်ဖက်ရည်ပြုလုပ်ပြီး မူချုန်လီကိုပေးလိုက်၏။ နှစ်ယောက်သား အပြိုင်အဆိုင် ထေ့ငေါ့လှောင်ပြောင်နေကြသော်လည်း အချင်းချင်း လူယုံအဖြစ် သတ်မှတ်ဆဲဖြစ်သည်။

ချောင်ချန်းခွန်က လက်ဖက်ရည်တစ်ခွက်ကို ငှဲ့ပေးလိုက်ပြီး မူချုန်လီရှေ့မှာ ချပေးထားလိုက်တယ်။  လက်ဖက်ရည်၏မွှေးရနံ့သည် လန်းဆန်းသွားစေပါသည်။

သူ့အတွက်လည်းတစ်ခွက်ငှဲ့လိုက်ပြီး "ငါ့ရဲ့ကျောင်းသားတစ်ယောက်က လက်ဆောင်ပေးထားတဲ့ ယူချန်လက်ဘက်ရည်ပဲ သောက်ကြည့်ပါဦး"

မူချုန်လီက အနည်းငယ်သောက်လိုက်ပြီးနောက် တဖြည်းဖြည်း သက်သာရာရသွားပေမယ့် အဲတာက သူ့ကို ရွဲ့စောင်းခြင်းကနေ မတားဆီးနိုင်ခဲ့ပါဘူး "ယူချန်လက်ဖက်ရည်က တစ်ကယ်ကို မဆိုးပါဘူး...ဒါပေမယ့် ငါ့ကျောင်းသားပေးခဲ့တဲ့ မင်ချန်လက်ဘက်ရည်ထက်တော့ ညံ့နေပါသေးတယ်"

မင်ချန်လက်ဖက်ခြောက်ရဲ့ ရိတ်သိမ်းချိန်မှာ ကျင်းမင်းပွဲတော်မတိုင်မီ နှစ်ရက်မှ သုံးရက်အတွင်း ဖြစ်သည်။ ထိုအချိန်တွင် လက်ဖက်ပင်သည် အညှောက်ပေါက်နေပြီဖြစ်ပြီး အရွက်ကောက်ရန်အတွက် လက်ဖက်စိုက်သူများအနေဖြင့် ရက်အနည်းငယ်လောက် အချိန်ပိုဆင်းရန်လိုအပ်ပေသည်။

မင်ချန်လက်ဖက်ခြောက် တစ်ကတ်တီလျှင် တစ်နေ့ကို လူဆယ်ယောက်ခူးဆွတ်ရန်လိုအပ်သည်။  ထို့အပြင် မင်ချန်လက်ဖက်ခြောက်၏ ရိတ်သိမ်းချိန်သည် နှစ်ရက်မှ သုံးရက်သာ ကြာမြင့်သည်။

ယူချန်လက်ဖက်ခြောက်၏ ရိတ်သိမ်းချိန်ကတော့ ပို၍ကြာရှည်ပါသည်။

ဤလက်ဖက်ရည်နှစ်မျိုး၏ အထွက်နှုန်းမှာ မများဘဲ ၎င်းတို့သည် ရှားပါးအဆင့်မြင့် လက်ဖက်ခြောက်များဖြစ်သည်။ သို့သော် မင်ချန်လက်ဖက်ခြောက်၏ထွက်ရှိမှုသည်ယူချန်လက်ဖက်ရည်ထက်ပင် နည်းပါးနေသောကြောင့် ပို၍တန်ဖိုးရှိပါသည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Wo Geschichten leben. Entdecke jetzt