Chapter - 28 [လျှို့ဝှက်ဆန်းကြယ်သောလူ]

840 87 0
                                    

Chapter - 28 [လျှို့ဝှက်ဆန်းကြယ်သောလူ]

#unicode

ချူကျင်းဇီက သူမရဲ့မေးကိုထောက်ကာ ပြတင်းပေါက်ကနေတစ်ဆင့် လမင်းကြီးအားကြည့်လိုက်ပြီး "ဒုတိယအစ်မ ချူကျင်းယွဲ့ဆိုတဲ့နာမည်ကို လှတယ်လို့ထင်လား"

"ပဥ္စမညီမလေး အစ်မအဲဒီနာမည်ကို အရမ်းကြိုက်တယ်"

"ဒုတိယအစ်မ အဖေနဲ့အမေတို့ကို သွားပြောလိုက်ပါဦး....သူတို့သာသဘောတူခဲ့ရင် ဒီနာမည်ကအနာဂတ်မှာ အစ်မအပိုင်ပဲ" ချူကျင်းဇီက ပြုံးကာ ခေါင်းညိမ့်လိုက်ပြီး ပြောလိုက်သည်။

"ကောင်းပြီ အစ်မချက်ချင်းသွားပြောလိုက်မယ်"

ထိုသို့ပြောရင်း သူမက လေးပြင်းတစ်ချက်တိုက်သလို ပြေးထွက်သွားခဲ့သည်။ သူမအရမ်းပျော်ရွှင်နေတယ်ဆိုတာ သိသာနေခဲ့ပါသည်။

ဘေးအခန်းမှ ချူစစ်ကလည်း သူမတို့၏စကားဝိုင်းကိုကြားလိုက်ရသောကြောင့် ခဏလောက်တုံ့ဆိုင်းနေပြီးမှ ချူကျင်းဇီထံသို့ပြေးသွားကာ "ပဥ္စမညီမလေး စတုတ္ထအစ်မကိုလည်း နာမည်လေးပေးပေးပါလားဟင်"

ချူကျင်းဇီသည် စတုတ္ထအစ်မအား သူမဘေးသို့ဆွဲခေါ်ကာ "ညီမလေးတစ်ယောက်အနေနဲ့ သေချာပေါက်ကူညီပေးရမှာပေါ့"

သူမ အလွန်ပျော်ရွှင်သွားပြီး ပြုံးလိုက်မိသည်။ သူမပြုံးလိုက်တဲ့အခါတိုင်း ဘယ်ဘက်ပါးတွင် ပါးချိုင့်လေးတစ်ခုပေါ်ထွက်လာခဲ့ကာ အလွန်ချစ်ဖို့ကောင်းပါသည်။ "ကျေးဇူးတင်ပါတယ် ညီမလေး"

"စတုတ္ထအစ်မ ချူကျင်းနင်းဆိုတဲ့ နာမည်ကို ဘယ်လိုသဘောရလဲ" ချူကျင်းဇီက စဉ်းစားကာပြောလိုက်သည်။

ချူစစ်က သူမရဲ့နှလုံးသားအောက်ခြေမှပြုံးလိုက်ပြီး ညင်သာစွာပြောလိုက်သည်။ "ကျင်းဇီ အဲ့တာကအရမ်းနားထောင်လို့ကောင်းတယ်...အစ်မအရမ်းကြိုက်တာပဲ"

"ဒီလိုဆိုရင် အဲ့ဒီနာမည်က အစ်မအပိုင်ပဲ"

ချူစစ်ကအရမ်းဝမ်းသာသွားပြီး ချူကျင်းဇီအားဖက်ကာ "ကျေးဇူးပါ ပဥ္စမညီမလေး"

ထိုအချိန်မှာပဲ ချူအာ့က ပျော်ရွှင်စွာ ပြန်ရောက်လာခဲ့ပြီး "ပဥ္စမညီမလေး အဖေနဲ့အမေက သဘောတူတယ်တဲ့...အဘိုးနဲ့အဘွားကရောပဲ"

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now