Chapter - 20 [အသက်ဝင်သောမြင်ကွင်း]

746 90 2
                                    

Chapter - 20 [အသက်ဝင်သောမြင်ကွင်း]

#unicode

ချူယိက ကို့ယို့ကားယားနိုင်စွာမေးလိုက်သည်။ "ညီမလေး ငါတို့ဘယ်မှာရေခဲချောင်ရောင်းကြမှာလဲ"

ချူကျင်းဇီသည် ကောင်တီရဲ့မြေပုံကို သူမစိတ်ထဲမှာပြန်လည်တွေးခေါ်လိုက်ပြီး "ကောင်တီရဲ့အလယ်လမ်းဆုံကိုသွားရောင်းကြမယ်... လူတွေအများကြီးက ခုချိန်ဆို စျေးဝယ်ထွက်နေကြတာ...ရာသီဥတုကအရမ်းပူတယ်...အခုချိန်က ရေခဲချောင်းရောင်းဖို့ အကောင်းဆုံးအချိန်ပဲ"

ချူယိက မြည်းလှည်းအား ခရိုင်လမ်းဆုံကိုမောင်းသွားလိုက်သည်။

လမ်းပေါ်မှာ ချူကျင်းဇီက ဒီအတိုင်းမနေပါဘူး။ သူမရဲ့ပါးစပ်ကိုဖွသ့်ကာအော်လိုက်သည် "ရေခဲချောင်းတွေနော် ရေခဲချောင်းတွေရမယ်!"

သူမရဲ့အသံမှာ ဝိညာဉ်စွမ်းအင်ထည့်ထားခဲ့တာကြောင့် တစ်ခါအော်လိုက်သည်နှင့် လမ်းပေါ်ရှိ လူတိုင်း၏နားထဲသို့ဝင်ရောက်သွားခဲ့သည်။

ရေခဲချောင်းဟာ လူတွေအတွက်အသစ်အဆန်းဖြစ်နေခဲ့သည်။ သူတို့ကကြားသောအခါ သိချင်စိတ်များဖြင့် လှည့်ကြည့်လိုက်ကြသည်။

"အမေ...ရေခဲချောင်းဆိုတာဘယ်လိုအရာလဲသွားကြည့်ရအောင်" ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့အမေလက်ကိုဆွဲပြီး ချူကျင်းဇီထံသို့လျှောက်သွားခဲ့သည်။

ချူကျင်းဇီက ပြုံးလိုက်ပြီး သေတ္တာထဲက လိမ္မော်သီးရေခဲချောင်းကိုထုတ်လိုက်ပြီး ကောင်ငယ်လေးအားပေးလိုက်သည်။ နေရောင်ရဲ့အောက်မှာ ရေခဲချောင်းက လူတွေကိုအေးမြသွားစေသည်။

"ဒါက ရေခဲချောင်းပဲ...စားကြည့်လိုက်ပါ"

ကောင်ငယ်လေးက ချူကျင်းဇီဆီကရေခဲချောင်းကိုယူလိုက်ပြီး သူမကို ကျေးဇူးတင်ဖို့လည်းမမေ့ခဲ့ချေ "ကျေးဇူးပါ မမ"

ကောင်ငယ်လေးရဲ့အမေက လန့်သွားခဲ့သည်။ ဒါကရေခဲပဲ...ဒါကအရမ်းစျေးကြီးတယ်။ မြို့တော်က အထက်တန်းကျတဲ့သူတွေပဲ နွေရာသီမှာရေခဲကိုသုံးနိုင်တာ။

သူမရဲ့ နှုတ်ခမ်းတွေတုန်လှုပ်သွားကာ "မိန်းကလေး ဘယ်လောက်ကျလဲဟင်"

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Tempat cerita menjadi hidup. Temukan sekarang