Chapter - 11 [ ဖရဲသီး ]

781 90 0
                                    

Chapter - 11 [ ဖရဲသီး ]

#unicode

" ကောင်းပြီ ကောင်းပြီ ငါအခုသွားသစ်လိုက်မယ်" ရှုဝမ်ရုန်က အလျင်စလိုထွက်သွားလိုက်သည်။ သူမခြေလှမ်းတွေကမြန်လွန်းလို့ သူမရဲ့ဝတ်စုံတောင်လေပေါ်ပျံဝဲနေခဲ့သည်။

ချူကျင်းဇီက အပျင်းကြောဆန့်ကာ ခုံပေါ်မှာထိုင်လိုက်သည်။ သူမက ဒါကိုမလုပ်ရတာကြာပြီဖြစ်တာကြောင့် အနည်းငယ်ပင်ပန်းနေခဲ့သည်။

သိပ်မကြာခင်မှာပဲ ရှုဝမ်ရုန်ပြန်ရောက်လာပြီး "ညီမလေး ငါရေချိုးပြီးပြီ"

ချူကျင်းဇီကထရပ်လိုက်ကာ ရှုဝမ်ရုန်အားထိုင်စေလိုက်ပြီး "မလှုပ်နဲ့ ....ကျန်တာငါ့တာဝန်ထားလိုက်စမ်းပါ"

ရှုဝမ်ရုန်ကရှက်ရွံ့စွာ ခေါင်းညိမ့်ပြလိုက်သည်။

"ညီမလေး ငါမှန်ကြည့်ချင်တယ်"

"ရတာပေါ့"

အစေခံမလေးလေးက ချက်ချင်းခုံပေါ်မှာမှန်တစ်ချပ် ချပေးလိုက်ပြီး နောက်သို့ပြန်ဆုတ်လိုက်သည်။ သူမကညွှန်ကြားချက်တွေကိုတိတ်တဆိတ်စောင့်နေပြီး အံ့ဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ပျက်တော့မှာကို စောင့်ကြည့်နေခဲ့သည်။

ချူကျင်းဇီက ဘီးကိုယူကာ ရှုဝမ်ရုန်ရဲ့ ဆံပင်ကိုနောက်သို့သပ်တင်လိုက်ပြီး နဖူးပေါ်ရှိအမာရွတ်ကိုပေါ်လွင်စေခဲ့သည်။ ထို့နောက်သူမက အမာရွတ်ပေါ်သို့ စတင်ဆေးလိမ်းပေးခဲ့သည်"

"ဆေးကအရမ်းနူးညံ့တယ်...နင်နာမှာမဟုတ်ပါဘူး ဒါပေမယ့် နည်းနည်းတော့ပူလာလိမ့်မယ်၊ ဒါက ပုံမှန်ပဲမလို့ မကြောက်ပါနဲ့"

ရှုဝမ်ရုန်က မျှော်လင့်ချက်ကြီးစွာ သူမကိုယ်သူမ မှန်ထဲစိုက်ကြည့်နေခဲ့သည်။

"ညီမလေး ငါနားလည်ပါပြီ"

ယန်ယူမြောင်က စာကြည့်ခန်းငယ်လေးဆီသို့ရောက်လာကာ အထဲကိုချောင်းကြည့်ခဲ့သည်။ သူမသမီးမျက်နှာပေါ်က အမာရွတ်ကိုမြင်သောအခါ သူမမျက်လုံးများနီရဲကာ မျက်ရည်များဝဲလာခဲ့သည်။

သူမရဲ့သမီးလေးက ရုပ်ပျက်ဆင်းပျက်ဖြစ်သွားထဲက အရယ်အပြုံးမရှိတော့ပေ။ ယန်ယူမြောင်ဟာ ချူကျင်းဇီသူမသမီးကို ကုသနိုင်ပါစေဟု မျှော်လင့်နေမိသည်။ ဒါမှသူမလေးက အရင်လိုရွှင်ရွှင်လန်းလန်းလေးပြန်ဖြစ်လာမှာ.....

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Donde viven las historias. Descúbrelo ahora