Chapter - 46 [ မှော်စွမ်းအင် ]

445 53 0
                                    

Chapter - 46 [ မှော်စွမ်းအင် ]

#unicode

သူတို့ခွဲခွါတော့မယ့် အချိန်မှာပဲ ထန်ကျင်းဟုန် ရုတ်တရက်ရပ်လိုက်ပြီး "ကျင်းဇီ ကိုယ့်ကိုအကူအညီတစ်ခုလောက်ပေးနိုင်မလား"

"ဒါပေါ့" ချူကျင်းဇီ တုံ့ဆိုင်းခြင်းမရှိပြောလိုက်သည်။

ချူကျင်းဇီ၏လက်ဖျားထိပ်မှာ အလင်းတန်းတွေထွက်လာပြီး ရုန်ယူဖန်ကိုအမှန်တိုင်းပြောစေခဲ့တဲ့ မြင်ကွင်းဟာ ထန်ကျင်းဟုန်ရဲ့စိတ်ထဲတွင် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။

"ကိုယ်အရင်တစ်ခေါက်က ဖမ်းမိထားတဲ့ သူလျှိုကို စစ်ဆေးမေးမြန်းဖို့ကူညီပေးပါ"

၎င်းသူလျှိုဟာ ဘာအကြောင်းပဲဖြစ်ဖြစ် စကားပြောဖို့ကို ငြင်းဆန်နေခဲ့တယ်။ သူ နှိပ်စက်ခြင်းနည်းလမ်းပေါင်းစုံကို သုံးပေမယ့်လည်း အရာမထင်ခဲ့ပါ။ သူ့ကို ထပ်ပြီးနှိပ်ဆက်နေမယ်ဆိုရင် ထိုသူသေဖို့သာရှိပါတော့တယ်။

ချူကျင်းဇီက သူမမျက်ခုံးတွေကို ပင့်တင်လိုက်သည်။ "ယုံကြည်မှုရှိလှချေလား ကျွန်မကိုစစ်ဆေးမေးမြန်းဖို့ ဘာကြောင့် အကူအညီတောင်းရတာလဲ"

ထန်ကျင်းဟုန်သည် သူ့မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ပြီး "ဘာလို့လဲဆိုတော့ မင်းတစ်ယောက်ပဲ သူ့ကို စကားပြောလာအောင် လုပ်နိုင်မှာမို့လို့"

ချူကျင်းဇီက ထန်ကျင်းဟုန်တစ်ယောက် သူမ၏နောက်ထပ်လျှို့ဝှက်ချက်တစ်ခုအား သိရှိသွားလောက်ပြန်ပြီဖြစ်ကြောင်း တွေးလိုက်သည်။ "ရှင်ကျွန်မကို အဲ့လောက်ယုံကြည်နေမှတော့ ကူညီရမှာပေါ့...သွားကြမယ်"

ထန်ကျင်းဟုန်သည် ဖျော့ဖျော့လေး ပြုံးလိုက်သည်။ ထိုကလေးမလေးသည် လွတ်လွတ်လပ်လပ်နေတတ်ပုံပေါ်သော်လည်း အခြားသူတွေထက် ထူးခြားသည်။ သူမရဲ့မွေးစားမိဘတွေ သူမကိုစွန့်ပစ်လိုက်ခြင်းက သူတို့ဘဝရဲ့အကြီးမားဆုံးအမှားတစ်ခုပဲ။

သူတို့နှစ်ယောက် စခန်းကိုရောက်ရှိရန် ကိုယ်ဖော့ပညာအား ထုတ်သုံးလိုက်ကြသည်။

မထင်မှတ်ထားစွာနှင့် ဖန်းကျီရုန်တစ်ယောက် စခန်းဝင်ပေါက်၌ရပ်စောင့်နေခဲ့လေသည်။ သူက ချူကျင်းဇီကို ထန်ကျင်းဟုန်နှင့် လိုက်ပါလာရန် မျှော်လင့်နေခဲ့သည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now