Chapter - 58.2 [ ကျင်းဝမ် အမျိုးသမီးအဝတ်အထည်ဆိုင်]
ဝမ်ပေဖန်းမှာ ရှော့ရသွားခဲ့သည်။ ချူကျင်းဇီက ဘာလို့ ဆန့်ကျင်ဘက်ကဆိုင်ကို ဝင်သွားရတာလဲ။ မြို့ထဲကအချမ်းသာဆုံးမိသားစုရဲ့သမီးနဲ့ သူမရဲ့ဆက်ဆံရေးကရော ဘာတွေလဲ။
ရှုဝမ်ရုန်က ကောင်တီမြို့ထဲရှိ စုံညီစုဝေးပွဲများစွာကို တက်ရောက်ဖူးလေသည်။ ကောင်တီက လူချမ်းသာတိုင်းက သူမကိုသိကြလေတယ်။ လူတွေအများကြီးက အချမ်းသာဆုံးမိသားစုဖြစ်သော ရှုမိသားစုနှင့် လက်ထပ်ကြောင်းလမ်းကာ ရင်းနှီးမှုရယူချင်ကြသည်။
ချူကျင်းဇီ ဆိုင်ပေါက်ဝမှာရပ်ကာ လှည့်ပတ်ကြည့်ရှုလိုက်သည်။
ဆိုင်က မီတာ၇၀ ၈၀လောက်ရှိသည်။ အပေါက်ဝတွင် ကောင်တာတစ်ခုထားရှိပြီး အတွင်းတွင် အဝတ်စင်များစွာရှိပေသည်။
ချူကျင်းဇီသည် စန်းဝမ်လုကို ခေတ်သစ်ဒီဇိုင်းဖြင့် မွမ်းမံပေးရန်ေတာင်းဆိုခဲ့သည်။
စန်းဝမ်လုကလည်း လုန်ငန်းရှင်အမျိုးသမီးတစ်ယောက်ဖြစ်လေသည်။ သူမက ချူကျင်းဇီရဲ့အတွေးများအနက်မှ တစ်ခုအတိုင်း ဆိုင်ကို ကောင်းကောင်းပြုပြင်ပေးထားသည်။
ချူကျင်းဇီက အိတ်ကို ဆွဲယူလိုက်ပြီး "ဒုတိယအစ်မ...အဝတ်တွေကို စင်မှာချိတ်ပြီး အပြင်မှာထုတ်ထားရမယ်"
"အိုး ဟုတ်ပြီ" ချူကျင်းယွဲ့က လျင်လျင်မြန်မြန်တုံ့ပြန်လိုက်သည်။
စန်းဝမ်လုနှင့် ရှုဝမ်ရုန်တို့ကလည်း အဝတ်များကို ချိတ်ရန် ကူညီပေးခဲ့ကြသည်။
ရှုဝမ်ရုန်က ကောင်းကင်ပြာရောင် ဝတ်စုံလေးကို ကိုင်ထားပြီး သူမနှင့်မခွဲနိုင်မခွါရက် ဖြစ်နေသည်။ "ငါဒီဝတ်စုံလေးကိုလိုချင်တယ်"
ထိုဂါဝန်လေးသည် အရုပ်ကော်လာလေးရှိပြီး ကြာရွက်ပုံသဏ္ဍာန်အဆင်လေးဖြစ်သည်။ ခါးနားလေးကိုထိုးသိမ်းထားပြီး နက်ပြာရောင်ဖဲကြိုးလေးပတ်ထား၏။ ဖဲပြားလေးတစ်ခုပါရှိနေတာကြောင့် အင်မတန်မှချစ်ဖို့ကောင်းလေသည်။ ဂါဝန်ရဲ့အနားသတ်အတွန့်လေးများသည် မင်းသမီးလေးဝတ်စုံကဲ့သို့ဖြစ်နေကာ ဂါဝန်ရဲ့အစွန်းလေးတွေမှာလည်း နက်ပြာရောင်ဖဲပြားလေးတွေကို မြှုပ်ထားသေးသည်။
YOU ARE READING
လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1
FantasyI don't own this story! Alternative- 农家小福妻有法术 Status - Chapter 1025 (complete) Author- beyond the moon Genres - romance