Chapter - 49 [ မင်းရဲ့အိမ်မက်ကဘာလဲ ]

360 46 0
                                    

Chapter - 49 [ မင်းရဲ့အိမ်မက်ကဘာလဲ ]

#unicode

ချူကျင်းဇီသည် သူမရဲ့နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်ပြီး သေတ္တာများကို စစ်ဆေးလိုက်သည်။ အရမ်းကောင်းတယ်...သူတို့ကသူမရဲ့ညွှန်ကြားချက်အတိုင်းပဲ..."ယူယွီ နင့်ရဲ့အိမ်မက်ကဘာလဲ"

ရှန်းယူယွီသည် ချူကျင်းဇီက သူမရဲ့မေးခွန်းများကို ဝတ်ကျေတမ်းကျေဖြေလျင် သဘောမကျကြောင်းသိရှိထားသည်။ ထို့ကြောင့် သူမကစိတ်ထဲတွင်ရှိသည့်အတိုင်း ဖြေဆိုလိုက်သည် "ငါကိုယ်ပိုင်အိမ်တစ်လုံးရှိချင်တယ်....မြေဩဇာကောင်းတဲ့လယ်ဧကရာကျော်ရယ် ပိုက်ဆံတွေအများကြီးရယ်နဲ့....ခင်ပွန်းကောင်းတစ်ယောက်ကိုလက်ထပ်ချင်တယ်"

ဒါကတော်တော်လက်တွေ့ဆန်တာပဲ...ချူကျင်းဇီကမေးလိုက်သည် "တခြားရှိသေးလား"

"မရှိတော့ဘူး" ရှန်းယူယွီကခေါင်းခါလိုက်သည်။

ချူကျင်းဇီသည် မရိုးသားသော အပြုံးကိုပြုံးလိုက်ပြီး "ငါ့အစ်ကိုကြီးကို ဘယ်လိုထင်လဲ"

ရှန်းယူယွီသည် ရှက်ရွံ့သွားခဲ့သည်။ သူမရဲ့ဘဲဥပုံသဏ္ဍန်မျက်နှာလေးသည် ပါးနီများခြယ်သထားသကဲ့သို့ပင်။ သူမကရှက်ရှက်နှင့် တီးတိုးပြောလိုက်သည်။ "ကျင်းဇီ နင်ငါ့ကိုနောက်နေတာပဲဖြစ်မယ်"

"ငါနောက်နေတာမဟုတ်ပါဘူး နင်ငါ့ရဲ့ယောင်းမဖြစ်လာရင်ကောင်းတယ်လေ ငါ့အစ်ကိုကြီးသာစိတ်ဝင်စားမယ်ဆိုရင် ဒီလုပ်ငန်းတွေက အနှေးနဲ့အမြန်သူ့ကို လွှဲပြောင်းပေးမှာ နင်ကဇနီးတစ်ယောက်အနေနဲ့ကူညီပေးလို့ရတယ်"

ရှန်းယူယွီသည် ထိတ်လန့်သွားကာ "ကျင်းဇီ နင်ဒါအတွက်အရမ်းကြိုးစားထားရတာလေ နင့်အစ်ကိုကြီးကို ဒီလိုပဲအားလုံးလွှဲပြောင်းပေးလိုက်တော့မှာလား"

"ဟုတ်တယ် ငါအဲတာတွေကိုဂရုမစိုက်ဘူး ငါလုပ်နေတာတွေအကုန်လုံးက ငါ့မိသားစုပိုကောင်းတဲ့ဘဝရဖို့အတွက်ပဲ"

ရှန်းယူယွီသည် ချူကျင်းဇီအား နှလုံးသားအောက်ခြေမှကိုလေးစားသွားတော့သည်။ "ကျင်းဇီ နင်ကငါတွေ့ဖူးတဲ့ထဲမှာ အရမ်းအရည်အချင်းရှိပြီးတော့ ရည်မှန်းချက်မကြီးတဲ့ တစ်ယောက်တည်းသောသူပဲ"

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Onde histórias criam vida. Descubra agora