Chapter - 34 [ဇိမ်ခံ ရထားလုံး]

583 76 0
                                    

Chapter - 34 [ဇိမ်ခံ ရထားလုံး]

#unicode

စန်းဝမ်လုက ထေ့ငေါ့လိုက်သည် "အဲတာရှင်ကမိုက်မဲလို့လေ"

ရုန်ယူပန်းက အမူအရာက ချက်ချင်းရုပ်ဆိုးသွားကာ "ငါဝမ်ရုန်နဲ့စကားပြောနေတာ ဝင်မနှောင့်ယှက်နဲ့ မင်းနဲ့ဘာဆိုင်လို့ဝင်ပြောနေတာလဲ"

ရှုဝမ်ရုန်က သူမကိုကာကွယ်လိုက်ပြီး "သူမက ကျွန်မရဲ့ဝမ်းကွဲပဲ ယဉ်ယဉ်ကျေးကျေးဆက်ဆံပါ"

ဘာလို့သူမအရင်တုန်းက ရုန်ယူပန်းဟာ အရမ်းရွံ့ရှာဖို့ကောင်းတယ်ဆိုတာ သတိမထားခဲ့မိရတာလဲ။ သူကသူမရဲ့မိသားစုကို ဘာလို့ဒီလောက်ရိုင်းဆိုင်းပြနေရတာလဲ!!

စန်းဝမ်လုသည် ရှုဝမ်ရုန်အား အံ့ဩစွာပင်ကြည့်လိုက်မိသည်။ ယခင်တုန်းက ရှုဝမ်ရုန်ရဲ့နှလုံးသားထဲမှာ ရုန်ယူပန်းကသာအရာရာပင်ဖြစ်သည်။ ရုန်ယူပန်းဘာလုပ်လုပ် သူကသာအမြဲမှန်သည်။ သူမက သူ့အားထိုသို့မပြောခဲ့ဖူးပါချေ။

ရုန်ယူပန်းကလည်း အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ သူကထိုအရာကို သူမက သူ့အားစေ့စပ်ပွဲဖျက်သိမ်းတဲ့ကိစ္စနဲ့ပက်သက်ပြီး စိတ်ဆိုးနေတာဖြစ်မယ်ဟု မှတ်ယူလိုက်သည်။ "ကောင်းပြီ ကောင်းပြီ ကိုယ်ကထိခိုက်စေဖို့မရည်ရွယ်ခဲ့ပါဘူး ဝမ်းကွဲ စိတ်ထဲမထားပါနဲ့ဗျာ ဒါပေမယ့် ဝမ်ရုန် မင်းရဲ့မျက်နှာလည်းပြန်ကောင်းသွားပြီဆိုတော့ ကိုယ်တို့လက်ထပ်ကြရအောင်လေ"

ရှုဝမ်ရုန်က သူ့ကိုသေမတတ်ချစ်ခဲ့ဖူးသည်။ အခုသူဒီလိုပြောလိုက်တော့ သူမတော်တော်ပျော်သွားမယ်မလား။

ရှုဝမ်ရုန်က ထိုသို့ကြားလိုက်သောအခါ သူမနည်းနည်းပျော်သွားတယ်ဆိုတာတော့ မငြင်းပယ်နိုင်ပါဘူး။ နောက်ဆုံးမှာတော့ သူမကရုန်ယူပန်းအား နှစ်အနည်းငယ်ကြာအောင် ရူးရူးမူးမူးချစ်ခဲ့တာဖြစ်သည်။ ဒါပေမယ့် မမြင်နိုင်တဲ့အားတစ်ခုက သူမကိုခေါင်းညိမ့်ခြင်းမှ ရပ်တန့်စေခဲ့သည် "စေ့စပ်ပွဲကပျက်သွားပြီဆိုတော့ လက်ထပ်ဖို့ကို မေ့လိုက်ပါတော့"

ရုန်ယူပန်းက နေရာမှာပဲကြောင်အနေခဲ့သည်။ ရှုဝမ်ရုန်က သူ့ကိုတစ်ကယ်ပဲ ငြင်းပယ်လိုက်တယ်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ သူမှားကြားမိတာပဲဖြစ်မယ်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Место, где живут истории. Откройте их для себя