Chapter - 48 [ သစ္စာရှိသောအိမ်ထိန်း ]
#unicode
အိမ်အပြန်လမ်းတွင် ရှန်းယူယွီသည် ဂရုတစိုက်မေးလိုက်သည် "မမလေး ကျွန်မကိုနာမည်ပေးချင်လားဟင်" ယခု ချူကျင်းဇီသည် သူမ၏သခင်ဖြစ်သောကြောင့် မမလေးလို့ခေါ်ချိန်တန်ပြီဖြစ်သည်။
"ငါကနင့်ကိုဘာလို့နာမည်ပေးရမှာလဲ" ချူကျင်းဇီ နားမလည်ခဲ့ပါ။
"နာမည်ပေးတာက အစေခံတွေအတွက် သခင်တွေဆီကလက်ဆောင်တစ်ခုပါပဲ"ရှန်းယူယွီက တိုးတိုးလေးပြောလိုက်သည်။
ချူကျင်းဇီ သဘောပေါက်သွားခဲ့တယ်။ ရှန်းယူယွီက သူမထံမှ အစေခံတစ်ယောက်လို ဆက်ဆံခံရလိမ့်မည်ဟု ထင်မှတ်ထားခြင်းဖြစ်လေသည်။ "နင်က အစေခံတစ်ယောက်မဟုတ်ဘူး ပြီးတော့ နင်ကငါ့ရဲ့အိမ်တော်ထိန်းဖြစ်လာလိမ့်မယ် ငါကအမြဲအလုပ်ရှုပ်နေတာကြောင့် ကူညီပေးဖို့လိုအပ်တယ်"
သူမသည် အမြဲတမ်းရေသာခိုချင်နေခဲ့တာဖြစ်သော်လည်း လက်တွေ့မှာတော့ ခွေးတစ်ကောင်ကဲ့သို့ အလုပ်များနေလေသည်။
ရှန်းယူယွီသည် သူမရဲ့သစ္စာရှိမှုကို အလျင်အမြန်ပြသလိုက်သည်။ "ငါကခိုင်းတာအကုန်လုံးကို လုပ်နိုင်ပါတယ်"
ချူကျင်းဇီသည် သူမ၏စိတ်နေစိတ်ထားကြောင့် အလွန်ကျေနပ်သွားခဲ့သည်။ "ငါပြန်ရောက်ရင် နင့်ရဲ့ရောဂါကို ကုသပေးဖို့ ဆေးပင်တွေရှာပေးမယ် အခုကစပြီး နင်ကငါ့ရဲ့မိသားစုဝင်တစ်ယောက်ဖြစ်သွားပြီ....ဒါနဲ့ နင့်အတွက်အထောက်အထားတစ်ခုခု စဉ်းစားရဦးမယ်"
ရှန်းယူယွီသည် မေးခွန်းထုတ်ခြင်းမရှိပဲ တိတ်ဆိတ်စွာ စောင့်စားနေခဲ့သည်။
ချူကျင်းဇီသည် ခဏလောက်တွေးတောလိုက်ပြီး "ယူယွီ ငါတို့ပြန်ရောက်ရင် နင်ကအဝေးကလာပြီး ရွှီယွန်ကောင်တီမှာ နင့်ရဲ့မိသားစုတွေကိုလာရှာတာဖြစ်တယ် သူတို့ကပြောင်းရွှေ့သွားတဲ့အတွက် နင်တစ်ယောက်ပဲကျန်ရစ်ပြီး နင့်မှာ မိသားစုမရှိတော့ပဲ မှီခိုစရာလူမရှိတော့တာမလို့ ငါကတွေ့သွားပြီး သနားသွားတာကြောင့် အိမ်ပြန်ခေါ်လာတာလို့ သူတို့ကိုပြောရမယ်"
YOU ARE READING
လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1
FantasyI don't own this story! Alternative- 农家小福妻有法术 Status - Chapter 1025 (complete) Author- beyond the moon Genres - romance