Chapter - 4 [ရစ်ငှက်တစ်ကောင်နဲ့ ယုန်တစ်ကောင်]

804 94 1
                                    

Chapter - 4  [ရစ်ငှက်တစ်ကောင်နဲ့ ယုန်တစ်ကောင်]

#unicode

ကောင်ကင်ကြီးက လုံးဝအတိမည်းမှောင်သွားခဲ့ပြီး အိမ်တိုင်းလိုလိုရဲ့ မီးခိုးခေါင်းတိုင်မှ မီးခိုးငွေ့လေးများထွက်လာခဲ့တော့သည်။

"အစ်ကို ကျင်းဟုန်..." လူငယ်လေးတစ်ယောက်ရဲ့ ပြတ်သားသောအသံက တစ်ဖက်မှထွက်ပေါ်လာခဲ့သည်။

ထန်ကျင်းဟုန်လှည့်ကြည့်လိုက်သောအခါ ရှစ်နှစ်၊ ကိုးနှစ်အရွယ်ရှိသော ချူချီသည် သူ့အား တက်ကြွစွာ လက်ယမ်းပြနေခဲ့သည်။

"အစ်ကိုကျင်းဟုန်..အပြင်မှာမှောင်နေပြီကို ဘာလို့လျှောက်သွားနေသေးတာလဲ"

"ဒီလိုပါပဲ...အိမ်မှာနေရတာကျဉ်းကျပ်လို့ လမ်းလျှောက်ထွက်လာတာ"

ချူချီဟာ ထက်မြက်တဲ့ကလေးတစ်ယောက်ဖြစ်သည်။ ထန်ကျင်းဟုန်က သူ့မိထွေးဆီကမောင်းထုတ်ခံရတာဖြစ်မယ်ဆိုတာ သူချက်ချင်းနားလည်လိုက်သည်။

ထိုသို့တွေးပြီးနောက် သူဟာကိုယ်ချင်းစာသွားပြီး " အစ်ကိုကျင်းဟုန် ကျွန်တော်နဲ့အိမ်ကိုလိုက်ခဲ့ပါဗျာ....ညစာစားချိန်တောင်ရောက်နေပြီ....ကျွန်တော်ဧည့်ခံချင်လို့ပါ"

ထန်ကျင်းဟုန်ကငြင်းပယ်လိုက်သည် " မလိုပါဘူးကွာ...ငါလမ်းလျှောက်ပြီးတာနဲ့ အိမ်ပြန်တော့မှာ"

ချူချီက ထန်ကျင်းဟုန်အား ဆက်လက်သွေးဆောင်နေခဲ့သော်လည်း ထန်ကျင်းဟုန်က လက်မခံဘဲ စိုးရိမ်စိတ်ဖြင့်ပြောလိုက်သည် "မြန်မြန်ပြန်တော့...အရမ်းနောက်ကျနေရင် မင်းရဲ့မိဘတွေစိတ်ပူနေလိမ့်မယ်"

ချူချီက ထန်ကျင်းဟုန်အားခေါင်းညိမ့်ပြပြီး အကူအညီမဲ့စွာ ထွက်လာခဲ့ရတော့သည်။

အစ်ကိုကျင်းဟုန်က အရမ်းသနားဖို့ကောင်းတာပဲ။ သူရဲ့အမေသာမဆုံးသွားခဲ့ဘူးဆိုရင် သူလည်းခုလိုမျိုး အိမ်ကနေမောင်းထုတ်ခံရမှာမဟုတ်ဘူး။

..........................................

ချူကျင်းဇီက ညစာအတွက် စားပွဲကိုပြင်ဆင်နေသည်။

အမျိုးသမီးလီပြန်ရောက်သောအခါ သူမက မီးဖိုချောင်ကနေမွှေးပျံ့သောရနံ့ကိုရလိုက်တာကြောင့် ထိတ်လန့်သွားခဲ့သည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now