Chapter - 54 [ဧည့်ခံခြင်း]

319 43 0
                                    

Chapter - 54 [ဧည့်ခံခြင်း]

#unicode

လူတိုင်းက သူ့ကို ထူးဆန်းစွာကြည့်နေကြတာကြောင့် ထန်ကျင်းဟုန်တစ်ယောက် လည်ချောင်းဟန့်ကာ သူ့ကိုယ်သူ ပြန်ထိန်းလိုက်ရသည်။

သူအဲဒီကလေးမလေးကို တွေးလိုက်ချိန်တိုင်း မသိစိတ်ကနေ ပြုံးနေပြီတော့တာပဲ။ 

ဖန်းကျီရုန်တစ်ဘောက် လမ်းမှာထန်ကျင်းဟုန်နှင့် တိုးမိလေတယ်။ ထန်ကျင်းဟုန်ဟာ ပုံမှန်နှင့် အနည်းငယ် ကွဲပြားနေတာကြောင့် သူကမေးလိုက်သည်။ "စစ်သူကြီး ဘယ်သွားမလို့လဲဗျ"

"ကျုပ်ကလေးမလေးအိမ်မှာ ထမင်းသွားစားမလို့"

"စစ်သူကြီး ကျွန်တော့်ကိုပါခေါ်သွားနိုင်မလား" ဖန်းကျီရုန်ရဲ့မျက်လုံးတွေ တောက်ပနေခဲ့သည်။

ထန်ကျင်းဟုန်က ဖန်းကျီရုန်၏မျှော်လင့်တကြီးမျက်နှာကို ကြည့်လိုက်ပြီးမတွေ့ချင်ယောင်ဆောင်ကာ "သူမက ကျုပ်ကိုပဲဖိတ်ထားတာ"

ဖန်းကျီရုန်ဟာ စိတ်ပျက်လက်ပျက်ဖြစ်သွားသော်လည်း  ထန်ကျင်းဟုန်ရဲ့ပျော်ရွှင်နေသော အမူအရာကိုတွေ့လိုက်သောအခါ ခန့်မှန်းချက်တစ်ခု စိတ်ထဲပေါ်ပေါက်လာလေသည်။

"စစ်သူကြီး အဲဒီမိန်းကလေးကို ကြိုက်နေတာလား"ဟု သူကတိုးတိုးလေးမေးလိုက်သည်။

ထန်ကျင်းဟုန်သည် တံတွေးသီးသွားပြီး "အဓိပ္ပာယ်မရှိတာတွေမပြောနဲ့ အဲတာကမိန်းကလေးချူရဲ့ဂုဏ်သတင်းကို ထိခိုက်စေလိမ့်မယ်"

"စစ်သူကြီး ဘာလို့အရမ်းစိတ်လှုပ်ရှားနေရတာလဲ" ဖန်းကျီရုန်က ဆက်ပြောလိုက်သည် "စစ်သူကြီး မင်းရဲ့အသက်အရွယ်နဲ့ဆို လက်ထပ်ပြီးကလေးယူသင့်နေတာကြာလှပေါ့ အခြားယောကျာ်းတွေသာဆို ကလေးတွေတောင်အများကြီးရနေလောက်ပြီ ပြီးတော့ မင်းကဆောင်ကြာမြိုင်တွေကိုတောင် မသွားဖူးတဲ့အပြင် စိတ်ဝင်စားဖူးတဲ့မိန်းကလေးတွေလဲမရှိဘူး တော်ဝင်မင်းသမီးကိုတောင်မကြိုက်မှတော့ ဘယ်လိုမိန်းကလေးမျိုးကိုကြိုက်တာလဲ"

"စစ်သူကြီး မင်းက......"ထိုအချက်များကြောင့် သူကမတတ်နိုင်ပဲ ရေရွတ်မိသည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Donde viven las historias. Descúbrelo ahora