Chapter - 24 [ ရှုံးနိမ့်ခြင်းအား အောင်နိုင်ခြင်းအဖြစ် ပြောင်းလဲခြင်း]

628 79 0
                                    

Chapter - 24 [ ရှုံးနိမ့်ခြင်းအား အောင်နိုင်ခြင်းအဖြစ် ပြောင်းလဲခြင်း]

#unicode

"ကျွန်မအတွက်လည်း ဒီလျှို့ဝှက်နည်းလမ်းကိုရဖို့ဆိုတာ မလွယ်ကူခဲ့ဘူး...ဒါက ကျွန်မရဲ့မွေးစားမိသားစုဆီကမဟုတ်ပါဘူး...ဒါပေမယ့်ရှင်တို့လိုချင်ရင် မဖြစ်နိုင်တာတော့မဟုတ်ပါဘူးလေ"

ထိုသို့ကြားသည်နှင့် လူတိုင်းက စိတ်လှုပ်ရှားသွားကြသည်။

ချူကျင်းဇီက ထေ့ငေါ့လိုက်ပြီး "ရှင်တို့သာပိုက်ဆံပေးရင် ကျွန်မပြောပြမယ်"

"ချူကျင်းဇီ ငါတို့ကတစ်ရွာတည်းသားချင်းတွေကို ဘာလို့ပိုက်ဆံတောင်းရက်ရတာလဲ"ချူပင်းက ထရပ်လိုက်ပြီး ဖြောင့်မတ်နေသလိုဝင်ပြောလိုက်သည်။

"အိုး ဒါဆိုကျွန်မတို့ရှင့်အိမ်မှာနေ့တိုင်း ညစာအလကားလာစားမယ်လေ"

ချူပင်းက ချူကျင်းဇီအားစိုက်ကြည့်ကာ ပြောနေတာကိုရပ်လိုက်သည်။

လူတစ်ယောက်က "ဒါဆိုမင်းကဘယ်လောက်လိုချင်တာလဲ"

ချူကျင်းဇီက လက်တစ်ချောင်းထောင်ပြလိုက်ပြီး ပြုံးကာပြောလိုက်သည် "ငွေတေးလ်တစ်ရာ"

လူတိုင်းက ပင့်သက်ရှိုက်မိသွားသည်။ သာမန်မိသားစုတစ်ခုအတွက် တေးလ်တစ်ရာရဖို့ဆိုတာ တစ်ဘဝလုံးကြာရင်တောင်မဖြစ်နိုင်ပါဘူး။ ချူကျင်းဇီက တစ်ကယ်ကြီး တေးလ်တစ်ရာတောင်တောင်းရဲတာပဲ။

ချူပင်းက "ချူကျင်းဇီ ဘာတွေအိမ်မက်မက်နေတာလဲ! နင်ကတစ်ကယ် တေးလ်တစ်ရာလိုချင်တယ်ပေါ့ မဖြစ်နိုင်ဘူး...လျှို့ဝှက်နည်းတစ်ခုတည်းအတွက် တေးလ်တစ်ရာသုံးစရာလား"

"မြို့တော်မှာဆိုရင် ရေခဲက တစ်ကတ်တီကို တစ်တေးလ်နဲ့ရောင်းတာ...တစ်ရာကတ်တီလောက်ရောင်းလိုက်တာနဲ့ ပိုက်ဆံပြန်ရနေတာပဲ...ရေကနေရာတိုင်းမှာရှိတယ်...ဆုံးရှုံးစရာမရှိပါဘူး ဟုတ်တယ်မလား" ချူကျင်းဇီက ပုခုံးတွန့်ကာပြောလိုက်သည်။

လူတိုင်းက အဓိပ္ပာယ်ရှိတယ်ဟုတွေးလိုက်ကြသည်။

ချူကျင်းဇီသည် သူတို့၏တုံ့ပြန်မှုများကို လျစ်လျူရှုကာ "ဘယ်လိုပဲဖြစ်ဖြစ် ရှင်တို့ ကောင်တီမှာရောင်းချင်ရင်တော့ ကျွန်မရောင်းသလိုရောင်းလို့ရတယ်...ရေခဲချောင်းတစ်ခုကို ကြေးပြားဆယ်ပြားပဲ! မဟုတ်ရင် ဘယ်သူကမှ ရှင်တို့ဆီက ဝယ်ကြမှာမဟုတ်တော့ဘူး...တခြားစကားနဲ့ပြောရရင် ရှင်တို့ရေခဲတွေကို မြို့ကြီးတွေမှာစျေးကောင်းကောင်းနဲ့သွားရောင်းချင်ရင် ယူသွားနိုင်တယ်...မြို့တော်ထဲက ရေခဲတွေကို မိသားစုကြီးတွေက လက်ဝါးကြီးအုပ်ထားတာ...ရှင်တို့သွားရောင်းရင် သတိထားဦးနော်....ပိုက်ဆံရှိပြီး အာဏာရှိတဲ့သူတွေကို မစော်ကားမိစေနဲ့...မဟုတ်ရင် အဆုံးသတ်ကောင်းမှာမဟုတ်ဘူး"

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Unde poveștirile trăiesc. Descoperă acum