Chapter - 59 [အင်ပါယာတက္ကသိုလ်]

444 51 0
                                    

Chapter - 59 [အင်ပါယာတက္ကသိုလ်]

ပုံစံဒီဇိုင်းများကို ကြည့်ပြီးနောက် ကောင်မလေးက ပို၍ပင် ရွေးချယ်ရခက်တယ်လို့ ခံစားလိုက်ရတယ်။  "ဝတ်စုံကို စိတ်ကြိုက်ချုပ်ဖို့ ဘယ်နရက်လောက်ကြာမလဲရှင့်"

စန်းဝမ်လုက ချူကျင်းယွဲ့ကို လက်လှမ်းပြလိုက်သည် "ကျင်းယွဲ့ ဒီမိန်းကလေးကမေးနေတယ် စိတ်ကြိုက်ဝတ်စုံချုပ်ဖို့ ဘယ်လောက်အချိန်ယူရမလဲတဲ့"

ချူကျင်းယွဲ့ လျှောက်လှမ်းလာကာ လက်ဖဝါးတွင်လည်း ချွေးများထွက်နေလေသည်။ "တစ်ရက်အတွင်းပြီးနိုင်ပါတယ်ရှင့်"

"မြန်လိုက်တာ" ထိုကောင်မလေးက ချူကျင်းယွဲ့အား ခရမ်းဖျော့ရောင်ဂါဝန်လေးနှင့် စာရွက်ကိုကမ်းပေးလိုက်သည်။ "ညီအစ်မ ကျွန်မကိုဒီဝတ်စုံလေးလုပ်ပေးပါ"

"ကောင်းပါပြီ" ချူကျင်းယွဲ့က ပျော်ရွှင်စွာ ခေါင်းညိမ့်ပြလိုက်သည်။

စန်းဝမ်လုက မှတ်စုစာအုပ်ထုတ်ကာ ထိုမိန်းကလေးနာမည်ကို ချမှတ်လိုက်ပြီးနောက် ပေတံဖြင့် မိန်းကလေး၏ အတိုင်းအတာကို ရယူခဲ့သည်။

ကောင်မလေးက အတိုင်းအတာယူခြင်းကို ပူးပေါင်းပေးလိုက်ပြီး မေးလာခဲ့တယ်။ "ကျွန်မကြိုတင်စရန်ငွေချေဖို့ လိုအပ်လားရှင့်"

"ဟုတ်ကဲ့ စရန်ငွေက ကြေးပြားတစ်ရာကျသင့်ပါတယ်...ပြီးတော့ ရွေးချယ်ဖို့ အထည်အမျိုးအစား လေးမျိုးရှိပါတယ်...သူတို့က ကြေးပြားငါးရာ၊ ကြေးပြားခြောက်ရာ၊ ကြေးပြားရှစ်ရာနဲ့ ငွေတစ်တေးလ်ဆိုပြီးရှိကြပါတယ်...တစ်ခုရွေးချယ်ပေးပါ"

မိန်းကလေးက ခဏလောက်တုံ့ဆိုင်းသွားပြီး "ကျွန်မကြေးပြားခြောက်ရာတန် အမျိုးအစားထဲက လိုချင်ပါတယ်"

"ရတာပေါ့...စိတ်ကြိုက်ပြင်ဆင်မှုက ကြေးပြားသုံးဆယ်ကျသင့်ပြီး စုစုပေါင်း ကြေးပြားခြောက်ရာ့သုံးဆယ်ပါရှင့်"စန်းဝမ်လုက သူမရဲ့အတိုင်းအတာကို မှတ်ယူနေရင်း ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ"  ကောင်မလေးလည်း တတ်နိုင်နေသဖြင့်သဘောတူလိုက်သည်။

ပထမဆုံး အရောင်းအဝယ်ကတော့ ထိုကဲ့သို့ပင် ပြီးဆုံးသွားခဲ့ပါပြီ။ 

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Donde viven las historias. Descúbrelo ahora